သရုပ်ဆောင် အဆိုတော်ရိန်းဟာဆိုရင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အဖျက်ခံလိုက်ရတဲ့ အမေရိကန်နိုင်ငံ ပရောဂျက်မှာ ပြန်လည်ပါဝင်လာဖို့အတွက် ဆောင်ရွက်နေတဲ့အကြောင်းပြောလာပါတယ်။ ဒီအကြောင်းကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ သရုပ်ဆောင်ရိန်းက Star News  နဲ့ အင်တာဗျူးမှာ ပြောလာတာဖြစ်ပါတယ်။

Google

အင်တာဗျုးမှာ ရိန်းက အမေရိကန်နိုင်ငံမှာ ပြုလုပ်မယ့် ပရောဂျက်အသစ်အကြောင်းနဲ့ သရုပ်ဆောင် အဆိုတော် ဖြစ်လာရတဲ့ အကြောင်းကို ဝေမျှပြောလာပါတယ်။

Google

“အဆိုတော်တစ်ယောက်ဖြစ်လာဖို့အတွက်ကတော့ ကန့်သက်ချက်တွေအများကြီးရှိပါတယ်။ ကျွန်တော့် အတွေးထဲမှာတော့ ကွဲပြားချက်တစ်ခုပဲရှိပါတယ်။ ကျွန်တော် ကောင်းကောင်းကချင်တယ်။ ဒါကြောင့် အစားကို သေချာစနစ်တကျစားတယ်။ လေ့ကျင့်ခန်း မှန်မှန်လုပ်တယ်။ ပြီးတော့ ကျွန်တော်က ပုံမှန်အားဖြင့် ဟာသဆန်တဲ့လူမျိုးမဟုတ်ပါဘူး။ လူတွေရယ်အောင်မလုပ်တတ်ဘူး။ ကျွန်တော့်နားမှာရှိတဲ့သူတွေကြောင့်သာ ဒီလို ဇာတ်ဝင်ခန်းမျိုးကို ကောင်းကောင်းလုပ်နိုင်တာပါ။ ပရိုဂျူဆာ Kim Tae Ho ၊  Jae Suk Hyung (Yoo Jae Suk) ၊ နဲ့  Hyori Nuna (Lee Hyori) တို့ကြောင့်သာ လူတွေကို ဖျော်ဖြေနိုင်တဲ့သူ ဖြစ်လာခဲ့တာပါ။ ကျွန်တော် Variety Program တွေမှာလည်း ပါချင်ပါတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိဘူး။”

Google

သရုပ်ဆောင်ပိုင်းနဲ့ပတ်သတ်တဲ့ အကြောင်းအရာလေးကို ပြောပြီးတဲ့နောက်မှာ ရိန်းက သူ့ရဲ့ နိုင်ငံခြားပရောဂျက်နဲ့ပတ်သတ်ပြီး ပြောလာခဲ့ပါတယ်။ အမေရိကန်နိုင်ငံမှာ သွားရောက်ရိုက်ကူးရမယ့် ပရောဂျက်အတွက် ၂၀၁၉ ခုနှစ်ကတည်းက ရွေးချယ်ခံထားရပေမယ့် ကိုဗစ်-၁၉ ကြောင့် ပျယ်ဖျက်ခံလိုက်ရပြီး အခုမှ ပြန်လည် စတင်ရတာဖြစ်ကြောင်း ရိန်းကဆိုပါတယ်။ အခုအချိန်မှာတော့ ရိန်းက ယုံကြည်မှုကောင်းကောင်းရှိနေပြီး စာချုပ်ချုပ်ဖို့လည်း အဆင်သင့်ဖြစ်နေတဲ့အကြောင်းဆိုပါတယ်။

Google
Google

ရိန်းဟာဆိုရင် ၂၀၀၀ ခုနှစ်ကစလို့ သရုပ်ဆောင်နယ်ပယ်မှာ နာမည်ရအောင်မြင်လာတဲ့သူဖြစ်ပြီး ဟောလိဝုဒ် ရုပ်ရှင်တွေမှာလည်း ပါဝင်သရုပ်ဆောင်ဖူးတဲ့ အတွေ့အကြုံတွေ အများကြီးရှိတဲ့သူဖြစ်ပါတယ်။

Google

အခုအမေရိကန်ပရောဂျက်မှာလည်း ရိန်းတစ်ယောက် ဘယ်လိုမျိုး ပရောဂျက်တွေနဲ့ ထပ်ပြီးမြင်တွေ့ရဦးမလားဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

သတင်းအရင်းမြစ်: Allkpop

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။