မတ်လအကုန်လောက်မှာ လက်ထပ်ကြတော့မယ့် စုံတွဲလေးဖြစ်တဲ့ Hyun Bin နဲ့ Soe Ye Jin တို့စုံတွဲလေးရဲ့ နှစ်ဦးနှစ်ဖက် မိဘတွေ့စုံပွဲကို မကြာသေးမီအချိန်က ပြုလုပ်ခဲ့ကြပါတယ်။ မိဘတွေ့စုံပွဲမှာဆိုရင် Hyun Bin နဲ့ Soe Ye Jin တို့ရဲ့ နှစ်ဖက် မိဘတွေက မင်္ဂလာဇနီးမောင်နှံ လက်ထပ်ပြီးရင်နေဖို့အိမ်နဲ့ မင်္ဂလာပွဲအခန်းအနားအကြောင်းပြင်ဆင်ချက်များကို တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

Google

မင်းသမီး Son Ye Jin ရဲ့ မိဘတွေက ရိုးရိုးသာမန်မိသားစုကဖြစ်ပြီး ပိုပြီးတိုက်ဆိုင်တာက Son Ye Jin ရဲ့ အဖေရော Hyun Bin ရဲ့ အဖေရောက တောင်ကိုရီးယားရေတပ်က အငြိမ်းစားတွေ ဖြစ်ကြပါတယ်။ အလုပ်အကိုင်တူတာကြောင့် နှစ်ဖက်မိဘတွေက ပိုပြီးရင်းနှီးပြီး အဆင်ပြေပြေရှိကြတယ်လို့လည်း မျက်မြင်တွေ့ရှိခဲ့သူတွေရဲ့ အဆိုအရ သိရပါတယ်။

Kbizoom

Hyun Bin က Gyeonggi-do မြို့မှာရှိတဲ့ Achiul ရွာမှာ ဇိမ်ခံအပန်းဖြေအိမ်ကြီးကို ပြီးခဲ့တဲ့နှစ်တုန်းက  ဝယ်ယူစာချုပ်ချုပ်ခဲ့ပါတယ်။ အဲဒီအပန်းဖြေအိမ်ကြီးက စတုရန်းမီတာ ၂၉၆.၂၇ အကျယ်ရှိပြီး တန်ဖိုး ၄.၈ ဘီလီယံ ရှိပါတယ်။ အိမ်ကြီးရဲ့ဘေးနားမှာ အဆိုတော် Park Jin-young နဲ့ သရုပ်ဆောင် Oh Yeon-seo တို့လည်းနေထိုင်ကြပါတယ်။

Google
Google

ထွက်ရှိလာတဲ့သတင်းတွေအရ Hyun Bin နဲ့ Son Ye Jin တို့နှစ်ယောက်က ပြီးခဲ့တဲ့နှစ်ကတည်းက လက်ထပ်ဖို့ ပြင်ဆင်နေကြတာဖြစ်တယ်လို့သိရပါတယ်။ အိမ်ဝယ်ဖို့ကိစ္စတွေကအစ Hyun Bin က ပြီးခဲ့တဲ့နှစ်ကတည်းက စာချုပ်ချုပ်ဆိုထားတာပါ။

Google

ကပ်ရောဂါအခြေအနေနဲ့ အလုပ်အချိန်စာရင်းတွေကြောင့်သာ သရုပ်ဆောင်နှစ်ဦးရဲ့ လက်ထပ်မယ့်ကိစ္စကို ရွှေ့ဆိုင်းထားရတာဖြစ်တယ်လို့ သိရပါတယ်။ တောင်ကိုရီးယား နာမည်ကျော်စုံတွဲလေးဖြစ်တဲ့ Hyun Bin နဲ့ Soe Ye Jin တို့က မတ်လအကုန်ပိုင်းလောက်မှာ လက်ထပ်ကြမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ရှိထားပါတယ်။

သတင်းအရင်းမြစ်: Kbizoom

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။