Minecraft ဂိမ်းနာမည်ကြီးလူကြိုက်များရတဲ့ အကြောင်းအရာတွေထဲက အဓိကအကြောင်းအရင်းတစ်ခုက ကစားသမားတွေဟာ သူတို့ရဲ့အနုပညာကျွမ်းကျင်မူအလိုက် ဖန်တီးမူတွေ၊တည်ဆောက်မူတွေအများကြီးကို ပြုလုပ်နိုင်တာကြောင့်ဖြစ်ပါတယ်။ကစားသူတွေဟာ ကျောက်တုံးသေးသေးလေးတွေကစလို့ အပြင်မှာတကယ်ရှိတဲ့ အဆောက်အဦးအကြီးကြီးတွေကိုပါ တည်ဆောက်နိုင်ကြပါတယ်။မကြာသေးမှီကလည်း Minecraft ကစားသူတစ်ဦးဖြစ်တဲ့ PomChuBoi ဟာ Minecraft Subreddit ပေါ်မှာအောက်ပါပုံကိုတင်ထားပါတယ်။

ဘယ်ဖက်ကပုံဟာ Minecraft ထဲက Landmark 81 ရဲ့ပုံဖြစ်ပါတယ် (Photo via Reddit)

သူ့ရဲ့ In-game နာမည်ဟာ pasties243 ဖြစ်ပြီး တင်ထားတဲ့ပုံကတော့ သူ့ရဲ့မွေးရပ်မြေနိုင်ငံ ဗီယက်နမ်မှာ အကြီးဆုံးအမြင့်ဆုံး အဆောက်အဦးကို ပြန်လည်‌တည်ဆောက်ထားတဲ့ပုံဖြစ်ပါတယ်။

အဆောက်အဦးအစစ်ရဲ့ပုံကိုလည်း တွဲတင်ထားပြီး ဒါကိုတည်ဆောက်ရမှာ ဘယ်လောက်ထိအားစိုက်ထားသလဲဆိုတာကို‌ ပေါ်လွင်အောင်ပြသခဲ့ပါတယ်။အဆိုပါ Landmark 81 အဆောက်အဦးဟာ အမြင့်ပေပေါင်း ၁၅၀၀ ထိရှိတဲ့ ကမ္ဘာပေါ်မှာ ၁၇ ခုမြောက်အမြင့်ဆုံး မိုးမျှော်တိုက်ဖြစ်ပါတယ်။

Landmark 81 (Photo via Wikipedia)

ဒါကိုတည်ဆောက်တာအချိန်ဘယ်လောက်ကြာလဲ မပြောပြထားပေမဲ့ Cinematic Trailer ထဲမှာ‌တော့ တော်တော်လေးဖန်တီးမူကောင်းကောင်းနဲ့ တည်ဆောက်ထားတာကိုတွေ့ရပါတယ်။အဆောက်အဦးရဲ့ အသေးစိတ်တွေနဲ့ အထပ်တစ်ခုချင်းစီဟာ အစစ်အတိုင်း တစ်ပုံစံတည်းပါ။အဆောက်အဦးအောက်က အပင်တွေကအစ အစစ်နဲ့‌တူတာကိုမြင်ရမှာပါ။

Cinematic Trailer

Shader တွေသုံးထားသလားဆိုတာလည်း မပြောထားပေမဲ့ တချို့ကစားသမားတွေဟာ မြက်တွေ၊တိမ်တွေ၊‌ရေတွေကို အစစ်နဲ့တူအောင်လို့ Shader တွေအသုံးပြုကြတဲ့အတွက် သူလည်းသုံးထားနိုင်တယ်လို့ တချို့ကယူဆထားကြပါတယ်။

Minecraft community ကတော့အမြဲတမ်း ရင်သပ်ရှူမောစရာ၊အသေးစိတ်လှပလွန်းတဲ့တည်ဆောက်မူတွေနဲ့ အမြဲတမ်းဆန်းသစ်နေဆဲပါ။နေ့တိုင်း တစ်ယောက်မဟုတ်တစ်ယောက်ကတော့ လောကကြီးကို အံ့ဩအောင်လုပ်ဖို့ Minecraft ထဲမှာ ကြိုးစားနေကြပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။