1900 ခုနှစ်များအစောပိုင်းတွင် ကျေးလက်မှ မြို့သို့သွားတဲ့လမ်းပေါ်တွင် စားသောက်ဆိုင်တစ်ခုရှိခဲ့ပါတယ်။ ခရီးသွားတွေ စားသောက်ပြီး အဲ့မှာပဲ အနားယူတက်ကြပြီး သရဲခြောက်တဲ့အခန်းတစ်ခန်းကလွဲလို့ စားသောက်ဆိုင်တစ်ခုလုံးက ပြည့်နှက်နေတက်ပါတယ်။

လွန်ခဲ့တဲ့နှစ်များက စားသောက်ဆိုင်တွင် ခိုက်ရန်ဖြစ်ပွားမှုကြောင့် အမျိုးသားတစ်ဦးဟာ မျက်လုံးတစ်ဖက်ကို ပြင်းပြင်းထန်ထန် ထိုးနှက်ခံခဲ့ရဖူးပါတယ်။ သူ မူးမေ့လဲသွားချိန်မှာတော့ စားသောက်ဆိုင်က တခြားသူတွေဟာ သူ့ကို ယခုသရဲခြောက်တယ်ဆိုတဲ့ အဲဒီအခန်းထဲမှာ ထားခဲ့လိုက်ပါတယ်။ သူဟာဘယ်တော့မှ ပြန်မကောင်းလာပဲနဲ့ အခန်းထဲမှာပဲ သေဆုံးသွားခဲ့ရပါတယ်။ ထိုအချိန်မှစပြီး သူဟာ အဲ့ဒီအခန်းကို ခြောက်လှန့်နေခဲ့ပါတော့တယ်။

တစ်နေ့မှာ Cowboy တစ်ယောက်ဟာ စားသောက်ဆိုင်ကို ရောက်လာပါတယ်။ သရဲခြောက်တဲ့အခန်းကလွဲလို့ တခြားအခန်းမရှိဘူးလို့ ပိုင်ရှင်ကပြောပြပါတယ်။ ကောင်းဘွိုင်က “ကျွန်တော်က နွားတွေကို ကြိုးနဲ့ နေ့တိုင်း နပန်းလုံး‌ေနတာပါ။ ဘယ်တစ္ဆေမှ မကြောက်ဘူး” လို့ ပြောပြီး သရဲခြောက်တဲ့အခန်းကို သူဟာယူလိုက်ပါတယ်။ ထိုညတွင် ရေချိုးနေစဉ် ကောင်းဘွိုင်ဟာ “ငါဟာ အနက်ရောင်မျက်လုံးတစ်လုံးနဲ့ တစ္ဆေပဲ” ဆိုတဲ့ အသံကြီးကုိ ကြားလိုက်ရပါတယ်။ ကောင်းဘွိုင်ဟာ ထိတ်လန့်တကြားဖြင့် လှည့်ပတ်ကြည့်ရာ ဘာကိုမျှ ရှာမတွေ့ပါဘူး။ အဲ့နောက် သူ့မျက်နှာသုတ်ပုဝါကို ထုပ်ပြီး တတ်နိုင်သမျှ မြန်မြန်ပြေးထွက်သွားပါ‌ေတာ့တယ်။

နောက်တစ်နေ့တွင် မိန်းမပျိုကြီးတစ်ဦးဟာ အခန်းငှားဖို့ လာပေမယ့်လည်း စားသောက်ဆိုင်မှာ လူပြည့်နေပါတယ်။ အခန်းတစ်ခန်းပဲကျန်တော့ပြီး သရဲခြောက်တယ်လို့ ပိုင်ရှင်အဘိုးအိုက ပြောပြပါတယ်။ မိန်းမပ‌ျုိကြီးက “ကျွန်မ အလုပ်လုပ်တဲ့ နေရာမှာ အရက်စက်ဆုံး အမျိုးသားတွေကို တွေ့ဖူးတယ်။ ဘယ်သရဲကိုမှ ကျွန်မ မကြောက်ဘူး။ ကျွန်မ ဒီအခန်းကုိ ယူလိုက်မယ်" ဆိုပြီး အခန်းကိုယူလိုက်ပါတယ်။ ထိုညက အိပ်ယာပေါ်လှဲနေရင်း ဆူဆူညံညံ အသံတစ်သံကို သူမကြားလိုက်ရပါတယ်။ ‌အဲ့အသံကလည်း ကောင်းဘွိုင်ကြားလိုက်ရတဲ့ဘအသံနဲ့အတူတူပဲဖြစ်ကာ သူမလည်း ကျောချမ်းသွားပါတယ်။ အဲ့နောက်ချက်ချင်းဆိုသလို ဂါဝန်ကိုဝတ်ကာ ခရီးဆောင်အိတ်ကို ကောက်ယူပြီး စားသောက်ဆိုင်အပြင်သို့ ထွက်ခဲ့ပါတော့တယ်။

ရက်အနည်းငယ်ကြာတော့ သားတစ်ယောက်နဲ့ လင်မယားနှစ်ယောက် ရောက်လာပါတယ်။ သူတို့လင်မယားနှစ်ယောက်ဟာ သီးခြားအခန်းတစ်ခန်းကို လိုချင်ခဲ့ကြပေမယ့် သားဖြစ်သူအတွက် အခြားအခန်းတစ်ခန်းကတော့ သရဲခြောက်တယ်လို့ ပြောပြပါတယ်။ သားဖြစ်သူက “ မိုက်သားပဲ၊ တကယ့် သရဲ‌ေပါ့။ ကျွန်တော်အဲဒီမှာနေမယ်!" လို့ပြောလိုက်ပါတယ်။ အဲဒီညက ကောင်လေး အိပ်ရာဝင်ဖို့ မီးပိတ်လိုက်တာနဲ့ “ငါက အနက်ရောင်မျက်လုံးတစ်လုံးနဲ့ တစ္ဆေပဲ” ဆိုတဲ့ အသံကို ကြားလိုက်ရပါတယ်။ ကောင်လေးက ကုတင်ပေါ်မှ မီးခွက်ကို အေးအေးဆေးဆေးဖွင့်ပြီး “အင်း ငါက ကင်းထောက်တစ်ယောက်ပါ။ မင်းပါးစပ်ကို မပိတ်ရင် မင်းဟာ အနက်ရောင်မျက်လုံးနှစ်လုံးနဲ့ တစ္ဆေဖြစ်သွားလိမ့်မယ်။"

အဲဒီနောက်မှာတော့ လုံးဝတိတ်ဆိတ်သွားပါ‌ေတာ့တယ်။ ကောင်လေးက မီးပိတ်ပြီး အေးအေးဆေးဆေး ပြန်အိပ်ပါတယ်။ ထိုနေ့မှစပြီး တစ္ဆေဟာ မည်သူ့ကိုမျှ မနှောင့်ယှက်သလို ခြောက်တာတွေလည်း မလုပ်တော့ပါဘူး။

သတင်းအရင်းမြစ်: Rvc outdoor

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။