တစ်ချိန်က မြောက်ကယ်ရိုလိုင်းနားရှိ တိုက်ခန်းကျဉ်းလေးတွင် စုံတွဲတစ်တွဲနှင့် သမီးငယ်တစ်ဦးရှိခဲ့ပါတယ်။ သူတို့ဟာ အရမ်းပျော်ကြပေမယ့် သူတို့ရဲ့ မပြည့်လာတဲ့ အိပ်မက်တစ်ခုကတော့ ကလေးတွေအတွက် အခန်းကျယ်ကျယ်နဲ့ အိမ်ကြီးထဲမှာ နေဖို့ပါပဲ။ သူတို့ဟာ အိမ်ကြီးတစ်လုံးအတွက် ငွေအလုံအလောက်ရအောင် စုဆောင်းပြီး နေ့တိုင်းလိုလို သမီးဖြစ်သူက ညီမလေးလိုချင်ကြောင်း အမြဲပူဆာလေ့ရှိပါတယ်။

"မေမေ" သူမဟာငိုယိုပြီး "ဘာလို့ သမီးမှာ ညီမလေး မရှိရတာလဲ" လို့မေးလိုက်ပါတယ်။ “ အမေတို့လည်း သမီးကို ညီမလေး ပေးချင်ပါတယ် ဒါပေမယ့် ပထမဆုံး အမေတို့က အိမ်ကြီးတစ်လုံးဝယ်ရမယ်လေ ဒါမှ လူတိုင်းအတွက် နေရာရှိမှာပေါ့!" လို့ချော့ပြောခဲ့ပါတယ်။

နောက်ဆုံးတွင် သူတို့မှာ ငွေအလုံအလောက်ရှိကာ သူတို့အမြဲနေထိုင်လိုတဲ့ Blue Ridge တောင်တန်းများရှိ လှပတဲ့အိမ်ဟောင်းကြီးတစ်လုံးကို ဝယ်ယူခဲ့ပါတယ်။ အိမ်ကြီးဟာ အကွေ့အကောက်ကြီးတဲ့ လှေကားများ၊ မြေအောက်ခန်း၊ ထပ်ခိုး၊ နှင့် သူတို့သမီးလေး အမြဲလိုချင်တဲ့ ညီမ‌ေလးအတွက်တောင် ပျိုးခင်းပင်များဖြင့် ပြီးပြည့်စုံပါတယ်။ သူတို့မသိတာက အိမ်က ဘာလို့ ဒီလောက်စျေး‌ေပါရတာလဲ ဆိုတာပါပဲ။ သူတို့သမီးလေးထက် နှစ်အနည်းငယ်သာငယ်တဲ့ ကလေးမလေး အပါအဝင် မိသားစုတစ်စုလုံးဟာ လွန်ခဲ့တဲ့ ၃ နှစ်က ဒီအိမ်မှာ ကွယ်လွန်သွားခဲ့ဖူးပါတယ်။

လင်မယားနှစ်ယောက်လုံးက အိမ်အသစ်ကို ချစ်ကြသလောက် သမီးလေးကလည်း ပိုချစ်ပါတယ်။ သူ့အမေက သူမကို မသွားခိုင်းတဲ့ မြေအောက်ခန်းကလွဲလို့ အခန်းတိုင်းကို စူးစမ်းပြီး စွန့်စားရတာကို နှစ်သက်ပါတယ်။ ဒါပေမယ့် ညတိုင်းတော့ ကလေးမလေးက တိုးတိုးလေးပြောသံ တစ်သံကြားရပါတယ်။

“ငါမြေအောက်ခန်းမှာ ရှိတယ်” လို့ အသံတိုးတိုးလေးက ပြောနေပါတယ်။ “မြေအောက်ခန်းကို လာခဲ့။ ငါ မြေအောက်ခန်းထဲမှာ။" ညတိုင်း ကလေးမလေးက ဒီအသံကို ကြားရပါတယ်။ ပထမတော့ သူမက ကြောက်ခဲ့ပေမယ့် သိပ်မကြာခင်မှာပဲ သူမရဲ့ စူးစမ်းချင်စိတ်က ကြောက်စိတ်ကို ခံနိုင်ရည်ရှိလာခဲ့ပါတယ်။ “မြေအောက်ခန်းကို လာခဲ့” လို့ တိုးတိုးလေး တီးတိုးပြောရင်း ကလေးမလေးကလည်း အိပ်ရာကနေ ထထွက်ခဲ့ပါတယ်။ တစ္ဆေအသံက သူမကို လမ်းပြခဲ့ပြီး “ငါ မြေအောက်ခန်းထဲမှာ ရှိတယ်” လို့ တိုးတိုးလေးပြော‌ေနခဲ့ပါတယ်။

နောက်နေ့မနက်မှာ သူ့အမေ နိုးလာတော့ သမီးလေး အိပ်ရာပေါ်မှာ ပျောက်နေတာကို တွေ့လိုက်ရတာကြောင့် အိမ်မှာရှိတဲ့ အခန်းတိုင်းကို စစ်ဆေး‌ေနခဲ့ပါတယ်။ ဒါပေမယ့် သူမကို ဘယ်မှာမှ ရှာမတွေ့ခဲ့ပါဘူး။ နောက်ဆုံးတွင် မိခင်ဖြစ်သူဟာ ဘယ်သူကိုမှ မခေါ်ပဲနဲ့ မြေအောက်ခန်းထဲမှာ သူမသမီးကို သွားရှာခဲ့ပါတယ်။

အဲ့နောက်ကလေးမလေးဟာ ဖုန်ထူနေတဲ့ အရုပ်ကြီးရဲ့ ရင်ဘတ်ရှေ့တွင် ထိုင်နေပြီး သူမရဲ့လက်ထဲတွင် ဇာဝတ်စုံဖြင့် ကြွေရုပ်တစ်ရုပ်ရှိ‌ေနပါတယ်။ ကောင်မလေးက သူ့အမေအသံကိုကြားတော့ မော့ကြည့်ရင်း ပြုံးပြလိုက်ပါတယ်။ "မေမေ၊ မေမေ!" သူမငိုခဲ့တယ်။ "နောက်ဆုံးတော့ သမီးမှာ ညီမလေးတစ်ယောက်ရှိနေခဲ့ပြီ!" လို့‌ ပြောလိုက်ပါတော့တယ်။

သတင်းအရင်းမြစ်: Rvc outdoor

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။