GOT7 အဖွဲ့ဝင် တစ်ယောက်ဖြစ်သလို တစ်ကိုယ်တော်အဆိုတော်လည်းဖြစ်တဲ့ Jackson Wang တစ်ယောက် (G)I-DLE အဖွဲ့က Yuqi နဲ့တွဲနေကြတယ်ဆိုတဲ့ သတင်းဟာ Weibo စာမျက်နှာမှာ အရှာဖွေဆုံး အကြောင်းအရာဖြစ်နေပါတယ်။

Google

Weibo SNS ပေါ်က သတင်းတွေထဲမှာ  (G)I-DLE အဖွဲ့ဝင် Yuqi ဟာ Jackson ရဲ့ အိမ်ကို ၂၀၂၁ ခုနှစ် အကုန်ပိုင်းလောက်က သွားရောက်လည်ပတ်ခဲ့တယ်လို့ သိရပါတယ်။

Google

နောက်တစ်ရက်မှာလည်း အဆိုပါ အိုင်ဒေါလ် အမျိုးသမီးက နှင်းဆီပွင့်တွေကိုင်လာပြီး Jackson ရဲ့အိမ်ကနေထွက်လာခဲ့တယ်လို့ သိရပါတယ်။

Google

ဒီသတင်းက Weibo မှာ အလျင်အမြန်ပျံ့နှံ့ခဲ့ပြီး လူအများစုကလည်း စိတ်ဝင်စားမှုတွေ ပိုပြီးတိုးလာခဲ့ပါတယ်။ လက်ရှိမှာ Yuqi က (G)I-DLE အဖွဲ့ရဲ့ နောက်လ comeback အတွက် ပြင်ဆင်နေတာဖြစ်ပါတယ်။

Google

Comback အမှီ လူစိတ်ဝင်စားမှု များပြားလာအောင် Dating News လွှင့်တာလို့လည်း သုံးသပ်ထားကြတဲ့ သူတွေရှိကြပါတယ်။ ချိန်းတွေ့နေတယ်ဆိုတဲ့သတင်းနဲ့ပတ်သတ်ပြီးတော့ Jackson Wang ဘက်ကတော့ အခုအချိန်ထိ ဘာမှအတည်ပြုပြောကြားထားခြင်းမရှိသေးပါဘူး။

Google

ပရိသတ်အများစုကတော့ မဟုတ်လောက်ဖို့အတွက် မျှော်လင့်ထားကြပါတယ်။

သတင်းအရင်းမြစ်: Allkpop

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။