တောင်ကိုရီးယားသရုပ်ဆောင်မင်းသမီး မမ Song Hye Kyo ကတော့ အရွယ်နဲ့မလိုက်အောင် နုပြီး လှပလွန်းလှတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့သူပဲဖြစ်ပါတယ်။ မမ Song Hye Kyo ဟာ သရုပ်ဆောင်မင်းသား Song Joong-ki နဲ့ ၂၀၁၇ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ ကွာရှင်းခဲ့တာဖြစ်ပါတယ်။

Google

မမ Song Hye Kyo ဟာ အရွယ်နဲ့မလိုက်အောင်နုလွန်းလို့ မင်းသားငယ်လေးတွေနဲ့တောင် တွဲရိုက်နိုင်တဲ့သူဖြစ်ပါတယ်။ ကွာရှင်းပြီးနောက်မှာတော့ Song Hye Kyo ရဲ့ အချစ်ရေးနဲ့ပတ်သတ်ပြီး လူအများရဲ့ အာရုံစိုက်မှု ပိုပြီးများပြားလာခဲ့ပါတယ်။ တစ်စုံတစ်ယောက်နဲ့တွဲနေပြီလားဆိုတဲ့ ကောလာလတွေလည်း မကြာခဏဆိုသလို ထွက်လာပါတယ်။ အခုတစ်ယောက်မှာလည်း မမ Song Hye Kyo တစ်ယောက် သရုပ်ဆောင် Kim Joo Hun နဲ့ တွဲနေတယ်ဆိုတဲ့ သတင်းတွေ ထွက်လာပြန်ပါပြီ။

Google

မမ Song Hye Kyo တစ်ယောက် သရုပ်ဆောင် Kim Joo Hun နဲ့တွဲနေတယ်ဆိုတဲ့ သတင်းတွေ ထွက်လာရတဲ့အကြောင်းကတော့ အင်စတာဂရမ် စတိုရီတွေက စတင်ခဲ့တာဖြစ်ပါတယ်။ Song Hye Kyo က အင်စတာဂရမ်စတိုရီလေးတွေမှာ Kim Joo Hun ကို မန်းရှင်းခဲ့လို့ပဲဖြစ်ပါတယ်။

Instagram

မမ Song Hye Kyo က သူမရဲ့ အင်စတာဂရမ် စာမျက်နှာပေါ်က စတိုရီမှာ မင်းသား Kim Joo Hun ပါဝင်ထားတဲ့ ဂီတပြဇာတ်ပွဲက ဓာတ်ပုံလေးတစ်ပုံကိုတင်ခဲ့ပြီး ဓာတ်ပုံပေါ်မှာ မင်းသား Kim Joo Hun ကိုမန်းရှင်းခေါ်ကာ ဂုဏ်ပြုပေးထားပါတယ်။ အဲဒီ ပိုစ့်လေးကြောင့် ပရိသတ်တွေက သူတို့နှစ်ဦးရဲ့ ရင်းနှီးမှုကို စိတ်ဝင်စားလာပြီး တွဲနေကြလားဆိုတဲ့ မေးခွန်းတွေ ဖြစ်လာကြတာပါ။

Instagram

အဲဒီကိစ္စဖြစ်ပြီးတဲ့နောက်မှာ ပရိသတ်တွေက Song Hye Kyo နဲ့ Kim Joo Hun တို့ရဲ့ အမှန်တကယ် ဆက်ဆံရေးကို မေးခွန်းထုတ်လာကြပါတယ်။ သူတို့နှစ်ဦးက ၂၀၂၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ “Now We’re Breaking Up” ဆိုတဲ့ ဇာတ်လမ်းတွဲထဲမှာလည်း Song Hye Kyo က အဓိကသရုပ်ဆောင်အဖြစ် Kim Joo Hun က အရံသရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။

Google
Google

ဒရမ်မာပြီးပြီးချင်းမှာလည်း မမ Song Hye Kyo တစ်ယောက် အဓိကဇာတ်ကောင် Jang Ki Yong နဲ့ တွဲနေတယ်ဆိုတဲ့ ကောလာဟလတွေ ထွက်လာပါသေးတယ်။ ဒါပေမယ့်လည်း သရုပ်ဆောင်နှစ်ဦးရဲ့ တည်ငြိမ်မှုတွေနဲ့ ကောလာဟလတွေကို ပြန်လည်ချေပနိုင်ခဲ့ပါတယ်။

Google
Google

အခုတစ်ခေါက်မှာလည်း Song Hye Hyo တစ်ယောက် Kim Joo Hun ကို အားပေးထောက်ပံ့ပေးနေတာကြောင့် သူတို့နှစ်ဦးတွဲနေကြတာလားဆိုတဲ့ သတင်းတွေထွက်နေတာဖြစ်ပါတယ်။ ပရိသတ်တွေကတော့ မမ Song Hye Kyo ကို ပျော်ရွှင်စေချင်တာကြောင့် သူမ ဘယ်သူ့ကိုကြိုက်ကြိုက် ဘယ်လိုရွေးချယ်မှုပဲလုပ်လုပ် အားပေးနေမှာပါလို့ ဆိုကြပါတယ်။

Google

တချို့ကလည်း ဒီသတင်းက ကောလာဟလသာဖြစ်ပြီး သူတို့နှစ်ဦးက ရိုးရိုးသာမန်သူငယ်ချင်းတွေပါလို့ ဆိုထားပါတယ်။ အခုကိစ္စနဲ့ပတ်သတ်ပြီး ကာယကံရှင်တွေကတော့ ဘာမှမပြောထားကြသေးပါဘူး။

Google

သတင်းအရင်းမြစ်: Kbizoom

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။