K-pop ဟာယခုအချိန်မှာ လူတော်တော်များများ ကြိုက်နှစ်သက်တဲ့ ဂီတအမျိုးအစားထဲက တစ်ခုဆိုလည်းမမှားပါဘူး။ ‌ဒါပေမယ့် ခုဖော်ပြမှာကတော့ K-pop ဘယ်လောက် အောင်မြင်တယ်ဆိုတာကိုမဟုတ်ပဲ K-pop အဖွဲ့တွေရဲ့ ကိုယ်ပိုင် K-dramas, Web dramas ဒါမှမဟုတ် ဇာတ်ကားတွေရှိကြတဲ့ အဖွဲ့တွေကို ဖော်ပြသွားမှာပါ။ ဒါ‌့ကြောင့် သင့်အားပေးကြိုက်နှစ်သက်တဲ့ အဖွဲ့မျပါမလားဆိုတာကို အောက်မှာဆက်လက်ကြည့်ရှု့လိုက်ပါ။

1. GOT7 – “Dream Knight”

ဒီအံ့ဩဖွယ်ကောင်းတဲ့ ဝဘ်ဒရာမာဟာ မိန်းကလေးတစ်ယောက်က သူမရဲ့ဘ၀ထဲ ယောက်ျားလေးတစ်စု (GOT7) ကို ဆင့်ခေါ်ခြင်းဖြင့် သူမရဲ့ အခက်အခဲ ဒုက္ခတွေကို ကုစားပေးတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ဒီဒရာမာတွင် ဖော်ပြထားတဲ့ အဓိကအကြောင်းအရာများမှာ အချစ်၊ နာကျင်မှု၊ ချစ်ခင်ရင်းနှီးမှုနှင့် အိပ်မက်များဖြစ်ပါတယ်။ အပိုင်း ၁၂ ပိုင်းပါတဲ့ ဒီဇာတ်လမ်း‌ေလးကို 2015 ခုနှစ် စက်ပ်တက်ပွဲထွက်ပြီး‌ေနာက်တစ်နှစ်တွင် ထုတ်ဝေခဲ့ပါတယ်။

2. Stray Kids – “What If You Are a JYP Entertainment’s Trainee?”

Stray Kids ဟာ ဇာတ်လမ်းနာမည်ဖြစ်တဲ့ "မင်းသာ JYP Entertainment ရဲ့ Trainee ဖြစ်ရင် ဘယ်လိုလုပ်မလဲ။" ဆိုတဲ့ ဒီမေးခွန်းကို ပရိသတ်များကိုယ်စား မေးမြန်းခဲ့ပြီး Dingo နှင့် ပူးပေါင်းထားတဲ့ ဒီဇာတ်လမ်းတိုတွင် ဖြေကြားခဲ့ပါတယ်။ အမျိုးသမီး ထရိန်နင် Kim Dingo ဟာ JYP Entertainment တွင် အမျိုးသားအဖွဲ့တစ်ဖွဲ့ကို ထရိန်နင်ပေးကာ သင်တန်းသားတစ်ယောက်ရဲ့ ဘဝ ရှုထောင့်အမျိုးမျိုးကို ရှာဖွေရင်းနဲ့ အိမ်မှာလိုမ‌ျိုး ခံစားရအောင် ပြုလုပ်ဖို့ကြိုးစားတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။

3. Super Junior – “Attack on the Pin-up Boys”

Super Junior ဟာ ရယ်စရာအကောင်းဆုံး K-pop အဖွဲ့များထဲမှ တစ်ခုဖြစ်ကြောင်း လူတိုင်းသိပါတယ်။ ဒီ 81 မိနစ်ကြာရုပ်ရှင်ဟာ အဖွဲ့ဝင်များမှာ ဟာသစိတ်ဓာတ်ရှိ‌‌ေကြာင်း နော က်ထပ်ခိုင်မာတဲ့ သက်သေတစ်ခုဖြစ်ပါတယ်။ ဇာတ်လမ်းဟာ အနီးနားရှိ အထက်တန်းကျောင်းများတွင် မိန်းကလေးကဲ့သို့ ကောင်လေးများကို ပစ်မှတ်ထားနေတဲ့ လျှို့ဝှက်ဆန်းကြယ် တိုက်ခိုက်မှုများကို ဇာတ်လမ်းဆင်ထားပါတယ်။ တရားခံများနှင့် သံသယရှိသူဟူ၍ ခွဲခြားထားပြီး ဘယ်သူက Super Junior အဖွဲ့ဝင်ရဲ့ အမှန်တကယ် တရားခံဖြစ်မလဲ ဆိုတာ သိချင်ကြတယ်မလား။

4. ASTRO – “To Be Continued”

ASTRO ဟာ ဒီဝဘ်ဒရာမာတွင် သူတို့ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားပါတယ်။ အဖွဲ့ဝင်များဟာ သူတို့ရဲ့ မျှော်လင့်ချက်များစွာဖြင့် ပွဲဦးထွက်အဆင့်မတိုင်မီ တစ်ရက်အလိုက အချိန်ကို ပြန်လည်ရောက်ရှိသွားကြပါတယ်။ မဖြေရှင်းနိုင်တဲ့ ပြဿနာများနှင့် စိန်ခေါ်မှုများကို လမ်းကြောင်းတစ်လျှောက် ကြုံတွေ့နေခဲ့ရပါတယ်။ သူတို့တွေ ကောင်းစွာ ပွဲမထုတ်မီ အချိန်မီ ဖြေရှင်းနိုင်မှာလား ဆိုတာကိုတော့ ကိုယ်တိုင်ကြည့်ရှု့လိုက်ပါ။

5. EXO – “EXO Next Door”

တစ်ဖွဲ့လုံး မပါဝင်ပေမယ့် အဖွဲ့ဝင်လေးယောက်ဖြစ်တဲ့ Chanyeol၊ D.O.၊ Baekhyun နဲ့ Sehun တို့ကတော့ ပါဝင်ထားပါတယ်။ ဇာတ်လမ်းကတော့ ကြယ်ပွင့်ဘ၀ကနေ အနားယူပြီး အိမ်အသစ်ကို ပြောင်းခဲ့ကြတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။ သူတို့အိမ်နီးနားချင်း (Moon Ga Young) ကို အိမ်‌ေဖာ်လုပ်ရန် ငှားရမ်းကြပြီး Chanyeol ကို သူမရဲ့ ငယ်သူငယ်ချင်းအဖြစ် အမှတ်ရနေခဲ့ပါတယ်။ အိမ်‌ေဖာ်နှင့် အဖွဲ့ဝင်နှစ်ဦးကြား မကြာမီမှာပဲ ၃ပွင့်ဆိုင် ဇာတ်လမ်းဖြစ်လာပါတယ်။ ဒါတွေက ဘယ်သူဖြစ်နိုင်မလဲ။

6. TREASURE – “Mysterious Class”

YG ထုတ်လုပ်မှုများဟာ အမြဲတမ်းထိပ်တန်းအဆင့်ဖြစ်ပြီး ဒီကားဟာ ဝဘ်ဒရမ်မာများအတွက် ထီးနန်းရယူထားပါတယ်။ ဒီသည်းထိတ်ရင်ဖိုဇာတ်လမ်းအကျဉ်းတွင် TREASURE တွေဟာ ကျောင်းသားများအဖြစ် သရုပ်ဆောင်ထားပြီး သူတို့ကြားတွင် တစ္ဆေတစ်ကောင် ရှိနေခြင်းကြောင့် အခြောက်ခံနေရတဲ့ အဖွဲ့ဝင်များဟာ အတန်းထဲတွင် ကြောက်စရာကောင်းတဲ့ အရာတစ်ခု မကျရောက်မီ ဒီလျှို့ဝှက်ဆန်းကြယ်မှုကို ဖြေရှင်းရန် ကြိုးစားကြတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။

7. BTS – “What If There Was An Eye Candy BTS High School?”

သေးငယ်တဲ့ မျက်နှာပြင်၊ တီဗီ ဒါမှမဟုတ် လက်ပ်တော့ပေါ်မှာ BTS ပွဲဦးထွက်ကို မြင်ရတာ အရမ်းကောင်းပါတယ်။ ဒီကားလေးကတော့ အထူးတလည်ပြောစရာမရှိအောင် BTS Fan တွေကြိုက်နှစ်သက်ကြမှာပါ။ ကျောင်းတစ်ကျောင်းကို အသစ်ရောက်လာတဲ့ ကောင်မလေးတစ်ယောက် BTS အဖွဲ့၀င်တွေနဲ့ တွေ့တဲ့အခါ ဘယ်လို ရင်ခုန်စိတ်လှုပ်ရှားမလဲဆိုတာ တွေ့မြင်ရမှာပါ။

8. LOONA – “First Love Story”

“Woomanna” လို့လည်း လူသိများတဲ့ ဒီဒရာမာဟာ LOONA 1/3 နှင့် LOONA Odd Eye Circle တို့ကို Season ၃ ခုအထိထွက်ရှိထားပါတယ်။ ကျောင်းဝင်းရှိ အချစ်ဇာတ်လမ်းတစ်ခုစီကို မတူညီသောရှုထောင့်များမှ စုစည်းကာ ကောလိပ်ရှိ အချစ်ဇာတ်လမ်းကို မီးမောင်းထိုးပြထားပါတယ်။

9. ONF – “Can I Step In?”

ONF ဟာ ဒီဇာတ်လမ်းတိုလေးမှာ ပါ၀င်သရုပ်‌ေ‌ဆာင်ခဲ့ပါတယ်။ ဒီကားကတော့ အိမ်ဖော်ခြောက်ယောက်၊ ယောက်ျားငါးယောက်နှင့် မကြာသေးမီက အိမ်သို့ဝင်ရောက်ခဲ့တဲ့ အမျိုးသမီးတစ်ဦးအကြောင်းတို့ပဲဖြစ်ပါတယ်။ ဒါကြောင့် သူတို့ဟာ အတူတကွနေထိုင်ရန် သင်ယူကြပြီး အခြေအနေအသစ်နှင့် လိုက်လျောညီထွေဖြစ်အောင် နေထိုင်ကြပါတယ်။ ဇာတ်လမ်းဟာ အသစ်ဝင်လာသူနှင့် မူလနေထိုင်သူများကြားတွင် လွတ်လပ်တဲ့ဆက်ဆံရေးငါးခုကို ဖန်တီးပေးကာ ရန်ဖြစ်ခြင်း၊ အချစ်ဇာတ်လမ်းနှင့် ပျော်စရာကောင်းတဲ့ အခြေအနေများစွာကို တွေ့မြင်ရမှာပါ။

သတင်းအရင်းမြစ်: Soompi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။