တောင်ကိုရီးယားနာမည်ကြီးသရုပ်ဆောင်ဖြစ်တဲ့ မင်းသား Lee Jong Suk ဟာ ELLE Korea နဲ့ အင်တာဗျူးအစီအစဉ်မှာ မကြာခင်ထွက်ရှိလာမယ့် ဒရမ်မာ “Big Mouse” အကြောင်းပြောရင်း အပြင်ဘဝ လက်ထပ်မယ့် ကိစ္စကိုပြောလာပါတယ်။ Lee Jong Suk ဟာ အကယ်၍ သူ့ဆီမှာအချိန်တွေအများကြီးရှိရင် “သတို့သားလောင်း” သင်တန်းကိုပါတတ်ချင်တဲ့အကြောင်းပြောပါတယ်။

Google
Google

“သတို့သားလောင်းသင်တန်း” ထဲမှာ ဇနီးသည်ဖြစ်သူအတွက် ဟင်းချက်သင်တန်းတွေ ၊ အပြုအစုသင်တန်းတွေ ပါဝင်တာကြောင့် “သတို့သားလောင်းသင်တန်း” တွေ တတ်ထားရင် ဇနီးသည်ဖြစ်သူကို ပြုစုပေးဖို့ ကြိုတင်ပြင်ဆင်ထားနိုင်ပြီဖြစ်ကြောင်း Lee Jong Suk ကဆိုပါတယ်။

Google
Google

Lee Jong Suk ကို သူချစ်ကိုရွေးမှာလား ကိုယ်ချစ်ကိုရွေးမှာလားဆိုတဲ့ မေးခွန်းကို မေးလိုက်တဲ့အချိန်မှာလည်း Lee Jong Suk က ငယ်ငယ်တုန်းကတော့ သေချာပေါက် သူချစ်ကိုရွေးမှာဖြစ်ပေမယ့် အခုအသက်အရွယ်မှာတော့ ကိုယ်ချစ်ရတဲ့ သူကိုပဲ ရွေးမှာဖြစ်တယ်လို့ ဆိုပါတယ်။ Lee Jong Suk ရဲ့ တုန်နေအောင် အချစ်ခံရမယ့် ကောင်မလေးက ဘယ်သူဖြစ်လာမလဲ အရမ်းတွေ သိချင်နေပါပြီနော်။

Google

Lee Jong Suk က ဇန်နဝါရီလ ၂၀၂၁ ခုနှစ်မှာ စစ်မှုထမ်းကာလ ပြီးဆုံးသွားခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ Lee Jong Suk ဟာ Girls’ Generation အဖွဲ့ဝင် YoonA နဲ့ တွဲဖက်သရုပ်ဆောင်ထားတဲ့ “Big Mouse” ဆိုတဲ့ဇာတ်လမ်းအတွက် ပြင်ဆင်နေတာပဲဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။