ဖေဖော်ဝါရီ 19 ရက်နေ့တွင် US ရဲ့ နာမည်ကြီးအပြေးသမားအကျော်အမော် Camille Herron ဟာ 2022 USATF 100-mile Championships ကိုကျင်းပပြုလုပ်တဲ့ Nevada ရှိ Jackpot Ultras တွင် သူမရဲ့ မိုင်တစ်ရာ ယခင်အမျိုးသမီးကမ္ဘာ့စံချိန်သစ်ကို ချိုးဖျက်ခဲ့ပါတယ်။ Herron ဟာ ယမန်နှစ်က စတုတ္ထနေရာနဲ့ ပြီးဆုံးပြီးနောက် ပြိုင်ပွဲကို ဒုတိယမြောက် ပထမအမျိုးသား၊ Arlen Glick ထက် သာလွန်ခဲ့ပါတယ်။

Glick ဟာ ယမန်နှစ်က Javelina Jundred ကို အနိုင်ရခဲ့ပြီး Herron ဟာ အမျိုးသမီးပြိုင်ပွဲတွင် အနိုင်ရကာ စံချိန်သစ်တင်ခဲ့ကြပါတယ်။ မိုင် 100 ကမ္ဘာ့စံချိန်တင်ရေးလုပ်ငန်းစဉ်တွင် Herron ဟာ သူမရဲ့ ယခင် 12 နာရီ 149 ကီလိုမီတာစံချိန်ကို ချိုးဖျက်ခဲ့ပြီး ယခု ၁၂ နာရီ 152 ကီလိုမီတာဖြင့် စံချိန်သစ်တင်ခဲ့တာ ဖြစ်ပါတယ်။ 2020 တွင် Herron ဟာ ဒဏ်ရာများနှင့် ခါးအဆင်မပြေမှုများ ကြုံတွေ့ခဲ့ရတာကြောင့် သူမဟာ အကောင်းဆုံး မယှဉ်ပြိုင်နိုင်ခဲ့ပါဘူး။

မကြာသေးမီကမှ အသက် ၄၀ အရွယ်သုိ့ ရောက်ရှိသွားတဲ့ Herron ဟာ ၂၀၁၇ တုန်းက တင်ခဲ့ဖူးတဲ့ ၄မီနစ်နဲ့ ၄၄စက္ကန့်အတွင်း တစ်ကီလိုမီတာကို ယခု တစ်မိနစ်ခွဲနဲ့ စံချိန်သစ်ပါတင်နိုင်ခဲ့ပါတယ်။ 2019 ခုနှစ်တွင် Herron ဟာ ၂၄ နာရီ ပြေးခဲ့တဲ့ ကမ္ဘာစံချိန်ကို စုစုပေါင်း ၂၇၀ ကီလိုမီတာပြေးနိုင်ခြင်းဖြင့် စံချိန်တင်ခဲ့ပါတယ်။ အဲ့တုန်းက သူမဟာ တစ်ကီလိုမီတာကို ၅မိနစ်နဲ့စက္ကန့်၂၀ ကြာခဲ့ပါတယ်။

သတင်းအရင်းမြစ်: Canadian Running

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။