အခုနောက်ပိုင်း အွန်လိုင်းပေါ်မှာ လှပညီညာလွန်းလှတဲ့ လက်ရေးကြောင့် နာမည်ကြီး လူပြောများနေတဲ့ ကိုရင်လေး တစ်ပါးရှိပါတယ်။ ကိုရင်လေးက တောင်ငူမြို့ရှိ သီတာရုံပရိယတ္တိစာသင်တိုက်မှ ရှင်ခေမိဿရ ဖြစ်ပါတယ်။ ကိုရင်လေး ရှင်ခေမိဿရရဲ့ လက်ရေးဟာဆိုရင် မြင်သူတိုင်း အံ့အားသင့်ရလောက်တဲ့အထိ လှပလွန်းပြီး စက်နဲ့စာစီထားသကဲ့သို့ ထူးခြားပြောင်မြောက်လွန်းလှပါတယ်။

Photo - Credit to Original Uploader

ကိုရင်လေး ရှင်ခေမိဿရဟာ ပရိယတ္တိနုဂ္ဂဟ သာသနသိပ္ပံ သာမဏေကျော်စာသင်တိုက်ရဲ့ ပထမဆင့်မူလတန်းစာမေးပွဲ ဖြေဆိုသူအားလုံးမှာ ဒုတိယဆုဂုဏ်ထူးအောင်ဖြင့် အောင်မြင်ခဲ့တယ်လို့ လည်းသိရပါတယ်။

Photo - Credit to Original Uploader

ကိုရင်လေးဟာ လက်ရေးလှသလို စာပေပညာမှာလည်း ထူးချွန်လွန်းတာကြောင့် ကိုရင်လေးကို နောင်တစ်ချိန်မှာ တိပိဋကဆရာတော်ကြီးအထိ ဖြစ်လာနိုင်တယ်လို့ မျှော်လင့်ထားကြပါတယ်။

Photo - Credit to Original Uploader

အွန်လိုင်းပေါ်မှာ နာမည်ကြီးနေတဲ့ ကိုရင်လေး ရှင်ခေမိဿရရဲ့ လက်ရေးလေးတွေကို အားလုံးပဲ တွေ့မြင်ကြစေရန် ဝေမျှပေးလိုက်ရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။