တောင်ကိုရီးယားနာမည်ကြီးမင်းသား Park Bo Gum ကတော့ စစ်မှုထမ်းကာလ ပြီးဆုံးသွားပြီပဲဖြစ်ပါတယ်။ Park Bo Gum ဟာ ကိုဗစ်- ၁၉ စည်းမျဉ်းစည်းကမ်းတွေကြောင့် သူ့ရဲ့ နောက်ဆုံး Vacation ကနေ အခြေစိုက်စခန်းကို မပြန်ရတော့ပဲ စစ်မှုထမ်းကာလ စောစော ပြီးခဲ့တာဖြစ်ပါတယ်။

Google
Google

နေအိမ်ကို တိုက်ရိုက်ပြန်ခွင့်ရရှိသွားပေမယ့် တရားဝင်စစ်မှုထမ်းကာလ ပြီးဆုံးမယ့်အချိန်က ဧပြီလ ၃၀ ရက်နေ့မှာဖြစ်တာကြောင့် ကြားကာလထဲမှာတော့ Park Bo Gum ရဲ့ လှုပ်ရှားမှုတွေကို မြင်ရဦးမှာမဟုတ်ပါဘူး။ ဧပြီလ ၃၀ ရက်နေ့ကျော်သွားမှ Park Bo Gum ကို လူမြင်ကွင်းမှာ ပြန်လည်မြင်တွေ့ရမှာပါ။

Google
Google
Google

Park Bo Gum ဟာ ၂၀၂၀ ခုနှစ် သြဂုတ်လမှာ ရေတပ်တပ်ကြပ်ကြီးအဖြစ် စစ်မှုထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။

Google

ပရိသတ်တွေကလည်း Park Bo Gum နဲ့ ခွဲခွာရတာ နှစ်ချီကြာနေပြီဖြစ်တာကြောင့် အခုလို စစ်မှုထမ်းကာလ ပြီးဆုံးသွားတဲ့ သတင်းအတွက် များစွာ ဝမ်းသာနေကြပါတယ်။စစ်မှုထမ်းကာလ ပြီးဆုံးသွားတဲ့အတွက် ဂုဏ်ယူပါတယ် Park Bo Gum ရေ ..

သတင်းအရင်းမြစ်: AllKpop

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။