MOBA ဂိမ်းပဲဖြစ်ဖြစ်၊Battle royal ဂိမ်းပဲဖြစ်ဖြစ် ကစားသူတွေတစ်ယောက်နဲ့တစ်ယောက်ကြား ဆက်သွယ်မူရှိစေဖို့က အဓိကကျပါတယ်။ဆက်သွယ်မူရှိနေမှ ဂိမ်းထဲမှာ ဘယ်လိုလှုပ်ရှားရမယ်၊ဘယ်လိုတုံ့ပြန်ရမယ်ဆိုတာကို တစ်ယောက်နဲ့တစ်ယောက်နားလည်မူယူနိုင်ကြမှာပါ။အဲ့လိုဆက်သွယ်တဲ့အပိုင်းကိုပြောလိုက်တာနဲ့ ဂိမ်းထဲမှာပါပြီးသား Quick chat တွေ၊Voice Commands တွေဟာ အရေးပါလာပြီဖြစ်ပါတယ်။

PUBG Mobile ရဲ့ Voice Command Setting (screenshot from PUBG Mobile)

Voice Commands နဲ့ပတ်သက်ရင်တော့ PUBG Mobile ဟာနောက်တဆင့်ကိုရောက်သွားပြီဖြစ်ပါတယ်။ကစားသူတွေဟာ အကြီးဆုံး K-pop အဖွဲ့တွေထဲကတစ်ခုဖြစ်တဲ့ BLACKPINK အဖွဲ့ဝင် Lisa ရဲ့အသံကို Voice Command အဖြစ်နဲ့ကြားရတော့မှာပါ။

BLACKPINK's LISA

ပုံမှန်ဆို ရိုးရိုးအသံသရုပ်ဆောင်တွေရဲ့ အသံတွေကိုပဲ အသုံးပြုကြတာကြောင့် Lisa ရဲ့ချစ်စရာအသံလေးကိုဂိမ်းထဲမှာကြားရတဲ့အခါ ဂိမ်းရှုံးရင်တောင်မှ စိတ်တော့ကြည်နူးသွားစေမှာဖြစ်ပါတယ်။LISA ရဲ့အသံနဲ့ Voice Command ဗွီဒီယိုကို‌‌လည်းဖော်ပြပေးလိုက်ပါတယ်။

LISA ရဲ့အသံနဲ့ Voice Command များ

ထိုင်းသံမကျတကျ၊ကိုရီးယားသံမကျတကျလေးနဲ့မလို့ Voice Command အသံလေးတွေဟာ မာန်ပါပါနဲ့ ‌နားထောင်ရတာချစ်စရာကောင်းလွန်းပါတယ်။ဒီ Voice Command ကို ကစားသူတွေအနေနဲ့ ဘယ်လိုအသုံးပြုနိုင်မယ်၊ဘယ်အချိန်ထိအသုံးပြုနိုင်မလဲဆိုတာတွေတော့ မသိရှိရသေးပါဘူး။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။