တောင်ကိုရီးယားမင်းသမီး Park Si Eun နဲ့ မင်းသား Jin Tae Hyun တို့ကလက်ထပ်ထားကြတဲ့ ဇနီးမောင်နှံဖြစ်ပါတယ်။ သူတို့နှစ်ဦးမှာ သမီးလေး တစ်ဦးရှိပြီး နောက်ထပ် ရင်သွေးလေး နှစ်ဦးကိုတော့ နှစ်ကြိမ်တိတိ ကိုယ်ဝန်လွယ်ခဲ့ရပေမယ့် မအောင်မြင်ခဲ့ဘူးလို့ သိရပါတယ်။

Google

အခုတစ်ခေါက်မှာတော့ ကိုယ်ဝန်လွယ်ထားရတဲ့ ဒုတိယမြောက်ရင်သွေးလေးကို အောင်မြင်စွာ ဖွားမြင်နိုင်ဖို့အတွက် ရည်ရွယ်ထားကြပါတယ်။

Google

ဒီသတင်းလေးကို မင်းသား Jin Tae Hyun က သူ့ရဲ့ အင်စတာဂရမ်စာမျက်နှာမှာပေါ်မှာ ဖေဖော်ဝါရီလ ၂၁ရက်နေ့ ဒီကနေ့မှာ ကြေညာခဲ့တာဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံလေးက ၂၀၁၅ ခုနှစ်မှာ လက်ထပ်ခဲ့ကြပြီး ပထမဦးဆုံး ရင်သွေးလေးကို ၂၀၁၉ ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။

Google

ကိုယ်ဝန်သတင်းနဲ့အတူဇနီးဖြစ်သူ ကိုယ်ဝန်ပျက်ကြခဲ့ဖူးတဲ့ အတွေ့အကြုံလေးကိုပါ Jin Tae Hyun က အခုလိုလေး ဝေမျှပေးထားပါတယ်။

Instagram

“၂၀၂၁ ခုနှစ်မှာ ကျွန်တော်တို့ နှစ်ကြိမ်တိတိ ကိုယ်ဝန်ပျက်ကျခဲ့ရဖူးပါတယ်။ အဲဒီခံစားချက်ကြီးက ကောင်းကင်ကြီးတစ်ခုလုံး ကျွန်တော်တို့အပေါ် ပြိုကျသွားသလိုပါပဲဗျာ .. ပြီးခဲ့တဲ့ဒီဇင်ဘာလတုန်းက နောက်ထပ်အံ့သြဖွယ်ဖြစ်ရပ်လေးတစ်ခု ရောက်လာပါတယ်။ အခုတစ်ခေါက်တော့ တည်တည်ငြိမ်ငြိမ်လေးနဲ့ မိခင်ရော ကလေးလေးပါ ကျန်းကျန်းမာမာရှိပါတယ်။

ဒီတစ်ကြိမ်တော့တော်တော်လေး ဂရုစိုက်ထားပါတယ်။ ပြီးခဲ့တဲ့ဆောင်းရာသီက ကျွန်တော်တို့အတွက်လွယ်ကူခဲ့တဲ့အချိန်တွေမဖြစ်ခဲ့ပါဘူး။ ဘယ်လောက်ဂရုစိုက်စိုက်နောက်ဆုံး ရလာဒ်က ကျွန်တော့် အမျိုးသမီး ကျန်းမာနေဖို့နဲ့လည်း သက်ဆိုင်ပါသေးတယ်။ ကျေးဇူးပြုပြီး ကျွန်တော့် အမျိုးသမီးကို ဒီတစ်ခေါက်ကောင်းကောင်းကျော်ဖြတ်နိုင်ဖို့အတွက် ခွန်အားလေးတွေပေးပေးကြပါ။ ကျွန်တော်ကိုယ်တိုင်လည်း သူ့အတွက် လုပ်နိုင်သမျှ အားလုံးလုပ်သွားမှာပါ။ မိန်းမရေ .. ငါတို့သမီးဦးလေးတောင် တက္ကသိုလ်တတ်နေရပြီ.. ကိုတို့ကလေးလေး နှစ် ယောက်ပဲ ပိုင်ဆိုင်ရရင်ကျေနပ်ပါပြီ။ .. နောက်ထပ်ကလေးလေးတစ်ယောက်ပဲ ထပ်ပြီး ခေါ်ပေးပါကွာနော်..”

Google

မင်းသား Jin Tae Hyun တစ်ယောက် နောက်ထပ် ဒုတိယမြောက်ရင်သွေးလေးကို တော်တော်လိုချင်နေရှာတာပဲနော်။ ဆုံးရှုံးခဲ့ရတဲ့ ရင်သွေးလေးတွေအတွက်လည်းတော်တော်စိတ်မကောင်းဖြစ်နေရှာမှာ။ ဒီတစ်ခေါက်မှာလည်း Jin Tae Hyun တို့ဇနီးမောင်နှံလေး ရည်မှန်းထားတဲ့အတိုင်း ဒုတိယမြောက်ရင်သွေးလေးကို အမှားအယွင်းမရှိ မွေးဖွားနိုင်ဖို့အတွက် ဆုတောင်းပေးလိုက်ပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။