1955 ခုနှစ်တွင် ပထမဆုံးထုတ်ဝေခဲ့တဲ့ ဂင်းနစ်ကမ္ဘာ့စံချိန်ဟာ သူ့ရဲ့စာအုပ်တွင် လူသားမှတ်တမ်းပေါင်း 53,000 ခန့်ကို စာရင်းပြုစုထားပြီး ယနေ့အထိ အရောင်းရဆုံးစာအုပ်ဖြစ်လာခဲ့ပါတယ်။ အဲ့လိုလူတွေထဲမှာမှ ယခုချိန် ဂင်းနစ်မှတ်တမ်းစာအုပ်ထဲ ပါ၀င်လာတဲ့ ကမ္ဘာကျော်အနုပညာရှင်တွေကို ဖော်ပြလိုက်ပါတယ်။

1. Justin Bieber

အဆိုတော်ဟာ ကမ္ဘာ့စံချိန်ကို နှစ်ကြိမ်တိုင်တိုင် အောင်မြင်ခဲ့ပါတယ်။ Billboard Hot 100 တွင် နံပါတ် 1 ဖြင့် ပွဲဦးထွက်ခဲ့တဲ့ အသက်အငယ်ဆုံး အမျိုးသားအနုပညာရှင်အဖြစ် 2015 တွင်တစ်ကြိမ်၊ 2016 တွင် ၎င်း၏အွန်လိုင်းပေါ်ရှိ လူမကြိုက် အများဆုံးဗီဒီယိုကြောင့်တစ်ကြိမ်ဆိုပြီး စုစုပေါင်း နှစ်ကြိမ်ရရှိခဲ့ပါတယ်။ လက်ရှိချိန်မှာတော့ သူဟာ ဂင်းနစ်ကမ္ဘာ့စံချိန် ၂၅ခု တင်တားပါတယ်။

2. Ariana Grande

အဆိုတော်ဟာ 2020 ခုနှစ်တွင် Instagram တွင် Follow အများဆုံးကြယ်ဖြစ်လာတဲ့အတွက် ဂင်းနစ်ကမ္ဘာ့စံချိန်တင်ခဲ့ပါတယ်။ သူမဟာ ဂင်းနစ်စံချိန် အခု ၂၀ တင်ထားသူဖြစ်ပါတယ်။

3. Dwayne Johnson

မင်းသားကတော့ နှစ်ကြိမ်တိုင်တိုင် စံချိန်တင်ဖူးပါတယ်။ ၂၀၁၅ တုန်းက ၃ မိနစ်အတွင်း Selfies အများဆုံးရိုက်ခဲ့နိုင်မှုနှင့် ၂၀၁၇ ခုနှစ်တွင် ကမ္ဘာအကြီးဆုံးအလွှာအနှစ်ကုိပြုလုပ်ခြင်းဖြင့် ရရှိခဲ့ပါတယ်။

4. Jennifer Lawrence

မင်းသမီးကတော့ 2016 ခုနှစ်တွင် အက်ရှင်ကား‌ေတွထဲမှာ ၀င်ငွေအများဆုံး အမျိုးသမီး အဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်တင်ခဲ့ပါတယ်။

5. Jackie Chan

မင်းသားကြီးကတော့ 2012 ခုနှစ်တွင် ဂင်းနစ်ကမ္ဘာ့စံချိန်တင်ခဲ့ပါတယ်။ သက်ရှိထင်ရှားသရုပ်ဆောင်တစ်ဦးမှ စတန့်အများဆုံးကြိုးစားမှုအတွက် သရဖူရရှိခဲ့ခြင်းဖြစ်ပါတယ်။ သူဟာ ဂင်းနစ်စံချိန်နှစ်ခုကို ပိုင်ဆိုင်ထားသူပါ။

6. BTS

K-pop အမျိုးသားတေးဂီတအဖွဲ့ဟာ သူတို့ရဲ့ ဗီဒီယိုအား 24 နာရီအတွင်း YouTube တွင် ကြည့်ရှုမှုအများဆုံးဖြစ်ခဲ့ပြီး 2020 ခုနှစ်တွင် ဂင်းနစ်ကမ္ဘာ့စံချိန်တင်ခဲ့ပါတယ်။ လက်ရှိချိန်မှာတော့သူတို့ဟာ ဂင်းနစ်ကမ္ဘာ့စံချိန် ၂၃ခုရှိပါတယ်။

သတင်းအရင်းမြစ်: Iwmbuzz

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။