Callie ဟာ အလွန်ပင်ပန်းနေပြီး "The Oaks Inn - Bed and Breakfast" ဆိုတဲ့ ဆိုင်းဘုတ်ဖြင့် အိမ်ဟောင်းတွင် ရပ်လိုက်ပါတယ်။ အဲ့နောက်အိမ်ထဲ၀င်ချိန်မှာ အခန်းက အရမ်းသက်တောင့်သက်သာရှိ‌ေနပြီး အပေါ်ထပ်က ကုတင်ပေါ်မှာ လှဲပြီးတာနဲ့ သူမအိပ်ပျော်သွားပါတယ်။ အဲ့နောက် Beethoven ရဲ့ Moonlight Sonata တီးခတ်‌ေနတဲ့ စန္ဒရားပညာရှင်တစ်ဦးရဲ့ အသံကြောင့် Callie နိုးလာပါတယ်။ Callie ဟာ သူမကိုယ်တိုင် စန္ဒရားပညာရှင်ဖြစ်ပြီး ဖျော်ဖြေပွဲတစ်ခုအတွက် နောက်မြို့သို့သွားရောက်တက်ပြီး တခြားသူတွေရဲ့ တီးခတ်နိုင်တဲ့စွမ်းရည်ကို အလွန်သဘောကျသူလည်း ဖြစ်ပါတယ်။ သူမ နာရီကို တစ်ချက်ကြည့်လိုက်ပြီး‌ေနာက် မနက် ၂ နာရီမှာ စန္ဒရားတီးမယ့်သူက ဘယ်သူလဲလို့ တွေး‌ေနမိခဲ့တယ်။ သီချင်းဖွင့်နေချိန်မှာ သူမ ရိုးရိုးလေး ပြန်အိပ်လို့မရပါဘူး။ နောက်ဆုံးတွင် သူမဟာ ခေတ္တအနားယူရန်အတွက် တေးဂီတ တီးခတ်နေသူအား ရပ်တန့်‌ေစရန် ဆုံးဖြတ်ခဲ့ပါတယ်။

အဲ့နောက် တည်းခိုခန်းရဲ့ ပထမထပ်က ထမင်းစားခန်းထဲကို ဝင်လိုက်တာနဲ့ ထောင့်စွန်းက စန္ဒရားတစ်လုံးမှာ ထိုင်နေတဲ့ လူတစ်ယောက်ကို သူမတွေ့လိုက်ရပါတယ်။ သူဟာ အလွန်ချောမောပြီး ကျက်သရေရှိရှိ၀တ်ဆင်ကာ ပါးလွှာသော နှုတ်ခမ်းမွှေးနှင့် နောက်ကောက်ကျစ်သော ဆံပင်များဖြင့် အသက်နှစ်ဆယ်ကျော် တစ်စုံတစ်ယောက်နှင့်တူ‌ေနပါတယ်။ ထိုလူက သူမကိုကြည့်ကာ “ကဲ၊ ကယ်လီ၊ မင်းဒီကို‌ေရာက်လာပြီ‌ေပါ့။ ငါ မင်းကို စောင့်နေတာ ကြာပြီ။" Callie လည်း သူ့နာမည်ကိုသိ‌ေနတာကြောင့် အံ့ဩသွား‌ေပမယ့်လည်း ထိုလူရဲ့ အသံနေအသံထားကြောင့် စွဲလန်းသွားပါတယ်။ သူမ စကားပြန်မဖြေနိုင်ခ‌ျိန်မှာပဲ ထိုလူဟာ "ငါနဲ့အတူလာထိုင်ပါ Callie" လို့ဖိတ်ခေါ်လိုက်ပါတယ်။

သူအမိန့်ပေးတာကို မငြင်းဆန်နိုင်တဲ့ Callie လည်း စန္ဒရားဆီသို့ ရွှေ့ကာ ထိုလူဘေးတွင် ဝင်ထိုင်လိုက်ပြီး ထိုလူလည်း "ကဲ၊ ကယ်လီ၊ ငါနဲ့ အတူတီးကြရအောင်။" လို့ပြောလိုက်ပါတယ်။ အဲ့နောက်မှာ Callie ဟာ လေထဲတွင် အေးစိမ့်စိမ့်နှင့် တုန်လှုပ်သွားကာ ထိုယောက်ျားရဲ့ အမိန့်ကို မခံနိုင်တော့ဘဲ လက်ချောင်းများကို စန္ဒယားပေါ်တွင် တင်ကာ အတူတူတီးခဲ့ကြပါတယ်။ တီးခတ်နေစဉ်တွင် ဂီတသံဟာ ပျော့ပျောင်းသထက်ပျော့ပျောင်းလာသည်နှင့်အမျှ သူတို့နှစ်ယောက်လုံး မြင်ကွင်းမှ ပျောက်ကွယ်သွားကြပါ‌ေတာ့တယ်။ လုံးဝပျောက်ကွယ်မသွားမီ နောက်ဆုံးအခိုက်အတန့်တွင် Callie ဟာ သူမရဲ့နောက်ဆုံးဖျော်ဖြေမှုကို တီးခဲ့‌ေနခဲ့ကြောင်း သဘောပေါက်ခဲ့ပါတော့တယ်။ တကယ်တော့ ကယ်လီဟာ သူမ ထိုအိမ်ကို စရောက်နေကတည်းက သေဆုံးနေခဲ့ပြီဖြစ်ပါတယ်။ သူမနဲ့အတူ တီးနေခဲ့တဲ့သူကလည်း တခြားသူမဟုတ်ပါဘူး.... သေမင်းသာဖြစ်ပါတယ်။

သတင်းအရင်းမြစ်: Icebreaker

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။