Studio Ghibli anime ဇာတ်ကားများရဲ့ ပြင်သစ်ပရိသတ်တစ်ဦးဟာ အမှတ်တရ အပိုင်းပေါင်း 1,304 စုဆောင်းခြင်းဖြင့် ဂင်းနစ်ကမ္ဘာ့စံချိန်ကို ရရှိခဲ့ပါတယ်။

Eloise Von Velvet ဟာ သူမရဲ့ စုဆောင်းမှုများကို တရားဝင် စာရင်းသွင်းလိုက်သောအခါတွင် Studio Ghibli အမှတ်တရ စုဆောင်းမှုတွင် အကြီးဆုံး စံချိန်ကို ရရှိခဲ့ကြောင်း ဂင်းနစ်ကမ္ဘာ့မှတ်တမ်းများက ဖော်ပြခဲ့ပါတယ်။

Von Velvet ရဲ့စုဆောင်းမှုတွင် Spirited Away၊ Princess Mononoke၊ Howl's Moving Castle၊ Ponyo၊ Kiki's Delivery Service၊ Grave of the Fireflies နှင့် My Neighbor Totoro အပါအဝင် ရုပ်ရှင်များကို မြှင့်တင်ရန်အတွက် ဖန်တီးထားတဲ့ အရုပ်များ၊ ရုပ်တုများ၊ ဂီတသေတ္တာများနှင့် အခြားပစ္စည်းများ ပါဝင်ပါတယ်။

သူမဟာ အသက် 6 နှစ်အရွယ်တွင် Studio Ghibli ကို ပထမဆုံး ချစ်မိသွားခဲ့ပြီး သူမရဲ့မိခင်က သူမရဲ့ Princess Mononoke ကို DVD ဝယ်ယူခဲ့ကြောင်း ပြောပြခဲ့ပါတယ်။

"ဒီဇာတ်ကားက ကျွန်မအတွက် အရမ်းမိုက်တယ်၊ သူ့ရဲ့ ခမ်းနားတဲ့ ရှုခင်းတွေ၊ လှပတဲ့ တေးသွားနဲ့ သူ့ရဲ့ သန်မာတဲ့ အမျိုးသမီး ဇာတ်ကောင်တွေကို ကျွန်မ သဘောကျသွားတယ်" လို့ ဂင်းနစ်မှတ်တမ်းတွင် ပြောကြားခဲ့ပါတယ်။

သူမဟာ ညီမဖြစ်သူထံမှ မွေးနေ့လက်ဆောင်အဖြစ် Howl's Moving Castle အက်ရှင်ရုပ်ပုံသုံးပုံကို လက်ခံရရှိခဲ့ပြီးနောက် သူမရဲ့စုဆောင်းမှုကို ၂၀၀၇ ခုနှစ်တွင် စတင်ခဲ့ကြောင်း Von Velvet မှပြောကြားခဲ့ပါတယ်။

တိုကျိုအခြေစိုက် Studio Ghibi ကို ဒါရိုက်တာ Hayao Miyazaki နှင့် Isao Takahata တို့မှ ထုတ်လုပ်သူ Toshio Suzuki နှင့်အတူ 1985 ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါတယ်။ Spirited Away ဟာ 2003 ခုနှစ်တွင် အကောင်းဆုံး အန်နီမေးရှင်း ဇာတ်ဆောင်ဆု ချီးမြှင့်ခံရတဲ့ ပထမဆုံး အန်နီမီရုပ်ရှင် ဖြစ်လာခဲ့ပါတယ်။

Studio Ghibli တက်တူးများစွာရှိတဲ့ Von Velvet က သူမရဲ့ စုဆောင်းမှုမှာ မပြီးပြတ်သေးကြောင်း ပြောကြားခဲ့ပါသေးတယ်။

"ကျွန်မ စုဆောင်းတာကို ဘယ်တော့မှ ရပ်တန့်မှာ မဟုတ်ပါဘူး။ အဲဒါက ကျွန်မရဲ့ ဝါသနာပါ၊ ဒါက ကျွန်မဘဝပဲ" လို့ သူမက ပြောပြခဲ့ပြီး "ကျွန်မ အရမ်းကိုပဲ Totoro plush လိုချင်ပါ‌ေသးတယ်" လို့ပြောပြခဲ့ပါတယ်။

သတင်းအရင်းမြစ်: UPI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။