ကမ္ဘာကျော်အဆိုတော် Beyoncé ဟာ တောင်ကိုရီးယား ယောကျာ်းလေးအဆိုတော်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ BTS အဖွဲ့ဝင် J-Hope ရဲ့ မွေးနေ့မှာ မွေးနေ့ဆုတောင်းလေး လုပ်ပေးခဲ့ပါတယ်။ BTS အဖွဲ့ဝင် J-Hope ရဲ့ မွေးနေ့လေးက ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာဖြစ်ပြီး ပရိသတ်တွေ အများကြီးက J-Hopeကို မွေးနေ့ဆုတောင်းလေးတွေ ပေးခဲ့ကြပါတယ်။

Google

ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ J-Hope က screenshot လေးတစ်ခုကို သူ့ရဲ့ အင်စတာဂရမ်စာမျက်နှာပေါ်မှာ ဝေမျှလာပါတယ်။ Screenshot ထဲမှာ J-Hope ကလေးဘဝဓာတ်ပုံလေးနဲ့အတူတူ “Happy Birthday , J-Hope” ဆိုတဲ့ စာသားလေးကို တွေ့ရပြီး မွေးနေ့ဆုတောင်းလေးက Beyoncé ဆီက ဖြစ်တဲ့အကြောင်းကို အံ့သြနေတဲ့ ပုံစံလေးနဲ့ J-Hope က ဝေမျှထားပါတယ်။

Google

Beyoncé ရဲ့ တရားဝင် ဝဘ်ဒ်ဆိုဒ်မှာလည်း မွေးနေ့ဆုတောင်းပေးရမယ့် နာမည်ကြီးအနုပညာရှင်တွေစာရင်းကို ပြထားပြီး အဲဒီထဲမှာ J-Hope လည်း အပါအဝင်ပဲဖြစ်ပါတယ်။

Google

မွေးနေ့ဆုတောင်းပေးမယ့် နာမည်ကြီးတွေစာရင်းထဲမှာ J-Hope အပြင် Dr.Dre ၊ Michael Jordan ၊ Ed Sheeran နဲ့ Paris Hilton တို့လည်း ပါဝင်ကြပါတယ်။ BTS အဖွဲ့ဝင်တွေကို Beyoncé တစ်ယောက် မွေးနေ့ဆုတောင်းလုပ်ပေးတာ ပထမဦးဆုံးအကြိမ်တော့မဟုတ်ပါဘူး။ အခြား အဖွဲ့ဝင်တွေရဲ့ မွေးနေ့တွေမှာလည်း အမြဲအမှတ်ရနေပြီး မွေးနေ့ဆုတောင်းပေးနေကြဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။