လူတိုင်းလူတိုင်းဆီမှာ အကြိုက်ဆုံးသီချင်းဆိုတာမျိုးလေး ရှိပါတယ် ။ တောင်ကိုရီးယားမင်းသား Lee Jong Suk ဆီမှာလည်း သူကြိုက်တဲ့ သီချင်းလေးတွေရှိပါတယ်။ Lee Jong Suk ရဲ့ အကြိုက်ဆုံးသီချင်းတွေထဲက တစ်ပုဒ်မှာ IU ရဲ့ အသံလှလှလေးနဲ့ သီဆိုထားတဲ့ သီချင်းလေးပါ ပါဝင်နေပါတယ်။

Google

Lee Jong Suk က စာသားကောင်းကောင်းလေးတွေကို တန်ဖိုးထားတဲ့သူဖြစ်ပြီး IU ရဲ့ သီချင်းလေးကလည်း စာသားလေးတွေက သူ့ရဲ့ ခံစားချက်နဲ့ကိုက်ညီပြီး ကောင်းလွန်းတာကြောင့် သဘောကျရတာဖြစ်ကြောင်း ဝေမျှထားပါတယ်။

Google

သီချင်းကိုနားထောင်နေစဉ်အချိန်မှာဆိုရင် ငိုချင်စိတ်တွေတောင် ဖြစ်လာတယ်လို့ Lee Jong Suk ကဆိုထားပါတယ်။ Lee Jong Suk ရဲ့ သူအကြိုက်ဆုံးသီချင်းလေးတွေအကြောင်း ဝေမျှထားတဲ့ ဗီဒီယိုလေးကို ပါအောက်မှာ ထည့်ပေးထားပါတယ်။

Youtube

သူနားထောင်ရင်းမျက်ရည်ကျမိတဲ့ သီချင်းနှစ်ပုဒ်က Jaurim ရဲ့ “Forever And Ever” နဲ့ IU ရဲ့ “Winter Sleep” ပဲဖြစ်ပါတယ်။ IU ရဲ့ အသံလေးက အရမ်းချစ်ဖို့ကောင်းပြီး သီချင်းလေးတွေကလည်း ခံစားချက်ပါပါနဲ့တော်တော်လေးကောင်းတာကြောင့် နာမည်ကြီးမင်းသား မင်းသမီးတော်တော်များများက သူမရဲ့ ပရိသတ်တွေ ဖြစ်ကြပါတယ်။ Lee Jong Suk ကလည်း IU ရဲ့ ပရိသတ်တွေထဲက တစ်ယောက်ပဲဖြစ်ပါတယ်။

Koreaboo

သတင်းအရင်းမြစ်: Koreaboo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။