တောင်ကိုရီယား နာမည်ကြီး သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ Han Hyo-joo ဟာ ချစ်ဖို့ကောင်းတဲ့ နေ့စဉ်ဘဝလှုပ်ရှားမှုလေးတွေကို တင်ရင်း ပရိသတ်တွေရဲ့ အချစ်ကို ခံနေရတဲ့ သူဖြစ်ပါတယ်။

Google

ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာလည်း Han Hyo-joo ဟာ သူမရဲ့ နေ့စဉ်ဘဝလှုပ်ရှားမှုဓာတ်ပုံလေးတွေကို အင်စတာဂရမ်စာမျက်နှာပေါ်မှာ တင်ခဲ့ပါတယ်။

Instagram

ဓာတ်ပုံတွေထဲမှာဆိုရင် Han Hyo-joo တစ်ယောက် ပြတိုက်ထဲမှာလျောက်လည်ပြီး သူ့ရဲ့နေ့ဝင်ဘဝမှာ ပျော်ရွှင်နေတာပဲဖြစ်ပါတယ်။ သူမက မျက်နှာကို mask နဲ့ အုပ်ထားတာကြောင့် ပရိသတ်တွေကလည်း ပြတိုက်ကို သူမ လာသွားတယ်ဆိုတာ မသိပါဘူး။ ဓာတ်ပုံလေးတွေတင်မှ ဒါက မင်းသမီး Han Hyo-joo ဆိုတာ သိသွားကြတာပါ။

ပုံလေးတွေထဲမှာ Han Hyo-joo က ရိုးရိုးဂျင်းဘောင်းဘီလေးနဲ့ ကုတ်အင်္ကျီအရှည်လေးကို ဝတ်ထားတာပါ။ သူမရဲ့ မျက်နှာသေးသေးလေးနဲ့ ခြေသံရှည်ရှည်လေးကြောင့်လည်း ပရိသတ်တွေက ပိုပြီးချစ်နေကြပါတယ်။

Instagram

ဓာတ်ပုံတစ်ပုံထဲမှာဆို Han Hyo-joo တစ်ယောက် ပြခန်းကခုံပေါ်မှာ စိတ်ပစ်လက်ပစ်အိပ်ပျော်နေတာပါ။ အဲဒီဓာတ်ပုံလေးကြောင်းလည်း ပရိသတ်တွေက ပိုပြီးပွဲကျနေခဲ့ကြပါတယ်။

Instagram

ပကာသနမရှိတွေ့ရာနေရာမှာ စိတ်ပစ်လက်ပစ်အိပ်တတ်တဲ့ Han Hyo-joo ကိုလည်း ပရိသတ်တွေက ချစ်နေကြပါတယ်။

Instagram

Han Hyo-joo တင်ထားတဲ့ဓာတ်ပုံလေးအောက်မှာ ပရိသတ်တွေက “နောက်ကကြည့်ရင်တောင် ချောနေလိုက်တာ ၊ အရမ်းလှတယ် အစ်မ ၊ ဒီတိုင်းလှဲပြီးအိပ်နေတာလေးတောင် အရမ်းလှတယ် ၊ ချစ်ဖို့ကောင်းလိုက်တာ ၊ အရမ်းလှတယ်၊ ကောင်းသောညပါ အစ်မ” စသဖြင့် မှတ်ချက်လေးတွေလည်း ဝင်ပေးထားကြပါတယ်။

Google

ချစ်ဖို့ကောင်းတဲ့ မမ Han Hyo-joo ရဲ့ ဓာတ်ပုံလေးတွေကို အားလုံးပဲ ကြည့်လို့ရအောင် ဝေမျှပေးလိုက်ပါတယ်နော်။

သတင်းအရင်းမြစ်: Koreaboo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။