တောင်ကိုရီးယား နာမည်ကြီး သရုပ်ဆောင်စုံတွဲလေးဖြစ်တဲ့ Son Ye Jin နဲ့ Hyun Bin တို့ မင်္ဂလာသတင်းကို ခပ်မြန်မြန်လေး ကြေညာခဲ့ကြတာ အားလုံးပဲသိကြမှာပါနော်။

Google

သူတို့မင်္ဂလာသတင်းကြေညာခဲ့ကြတာ တစ်ပတ်ပြည့်သွားခဲ့ပြီဆိုပေမယ့် Son Ye Jin နဲ့ Hyun Bin တို့ လက်ထပ်ကြမယ့် သတင်းက ပရိသတ်တွေကြားစိတ်ဝင်စားမှုများနေတဲ့ သတင်းတစ်ခု ဖြစ်နေတုန်းပါပဲ။ မကြာသေးမီကလည်း တောင်ကိုရီးယားမီဒီယာတစ်ခုက သူတို့စုံတွဲနှစ်ယောက် လက်ထပ်မယ့်သတင်းကို ရုတ်တရက်ကြီးကြေညာခဲ့ရတဲ့ အကြောင်းအရင်းကို ထုတ်ဖော်ကြေညာခဲ့ပါတယ်။ အကြောင်းကတော့ Son Ye Jin ရဲ့ လက်ရှိထွက်ရှိနေတဲ့ ရုပ်ရှင်ဇာတ်လမ်းကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

Google

လက်ထပ်မယ့်သတင်းကို ကြေညာဖို့အတွက် Hyun Bin နဲ့ Son Ye Jin တို့ အရမ်းဂရုတစိုက် စီစဉ်ခဲ့ရတယ်လို့လည်း ကိုရီးယားမီဒီယာက ထပ်ပြီးဆိုထားပါသေးတယ်။ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က Son Ye Jin ရဲ့ ဒရမ်မာ Thirty Nine အတွက် မီဒီယာတွေစီက မေးခွန်းတွေ ရရှိမယ့်နေ့လည်းဖြစ်ပါတယ်။ဒါကြောင့် မင်္ဂလာသတင်းကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့မတိုင်ခင်ကြေညာမယ့်အစား Thirty Nine ရုပ်ရှင်ဇာတ်ကားအတွက် မီဒီယာတွေရဲ့ မေးခွန်းတွေ အားလုံးရရှိပြီး ညပိုင်းအချိန်မှ မင်္ဂလာ သတင်းကို ကြေညာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ရုပ်ရှင်ဇာတ်လမ်းထက် အပြင်ဘဝက သရုပ်ဆောင် ဘဝကို ပရိသတ်တွေ ပိုပြီး စိုးရိမ်သွားကြမှာကိုလည်း သူတို့နှစ်ယောက်က စိတ်ပူကြတယ်လို့ ဆိုပါတယ်။

Google

ဒါကြောင့် ရုပ်ရှင်ဇာတ်ကားထွက်မယ့်အချိန်ဖြစ်တာကြောင့် ပရိသတ်တွေအနေနဲ့ ရုပ်ရှင်ဘဝနဲ့ အပြင်ဘဝကို ရှင်းရှင်းလင်းလင်း ကွဲကွဲပြားပြား မြင်အောင် အခုလို စီစဉ်ပြီး ကြေညာခဲ့တာဖြစ်ပါတယ်။ စီစဉ်ထားတဲ့ အတိုင်းပဲ ပရိသတ်တွေအားလုံးကလည်း Thirty Nine ထဲက မမ Son Ye Jin ရဲ့ ဇာတ်ကောင်ကို သပ်သပ် ၊ အပြင်ဘဝကို သပ်သပ် ခွဲပြီး မြင်ခဲ့ကြပါတယ်။

Google

ဒီလိုသတင်းထွက်ပြီးတဲ့နောက်မှာ ပရိသတ်တွေက Hyun Bin နဲ့ Son Ye Jin တို့ရဲ့ ပရိသတ်တွေကို လေးစားမှု ၊ အလုပ်အပေါ် လေးစားတန်ဖိုးထားမှု ၊ ပရော်ဖက်ရှင်နယ် ဆန်မှုတို့အတွက် ချီးကျူးခဲ့ကြပါတယ်။ Thirty Nine ဇာတ်လမ်းတွဲက မမ Son Ye Jin ရဲ့ လက်မထပ်ခင်လူလွတ်ဘဝမှာ ရိုက်ကူးထားတဲ့ နောက်ဆုံး ဇာတ်လမ်းလေးဖြစ်သွားမှာပါ။

Google
Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။