အားလုံးပဲ ရုပ်ရှင်သရုပ်ဆောင် ဇွဲနိုင်ဝင်းကို သိကြတယ်မဟုတ်လား ။ ရုပ်ရှင်သရုပ်ဆောင် ဇွဲနိုင်ဝင်းဟာ ဆိုရင် ရုပ်ရှင်ဇာတ်ကားတွေတော်တော်များများမှာ ပီပီပြင်ပြင်နဲ့ ကျရာဇာတ်ရုပ် သရုပ်ဆောင်နိုင်တဲ့သူဖြစ်ပါတယ်။

Zwe Naing Win's Facebook

အခုဆိုရင် ရုပ်ရှင်သရုပ်ဆောင် ဇွဲနိုင်ဝင်းတစ်ယောက် ဘုန်းဘုန်း ဦးဇောတိက ဆိုတဲ့ ဘွဲ့နာမည်နဲ့ သာသနာ့ဘောင်သို့ဝင်ရောက်သွားပြီပဲဖြစ်ပါတယ်။ သာသနာ့ဘောင် ဝင်ရောက်နေစဉ်မှာ ဘုန်းဘုန်း ဦးဇောတိက ဟာ ကိုယ်တိုင်ကိုယ်ကျ ဆွမ်းခံထွက်နေပြီး အလှူအတန်းများကိုလည်း နေ့စဉ်နေ့တိုင်း ပြုလုပ်နေတာဖြစ်ပါတယ်။

Zwe Naing Win's Facebook
Zwe Naing Win's Facebook
Zwe Naing Win's Facebook

ရုပ်ရှင်သရုပ်ဆောင်ဇွဲနိုင်ဝင်းတစ်ယောက် သာသနာ့ဘောင်သို့ဝင်ရောက်သွားခဲ့တာ ဒီနေ့နဲ့ဆို ၈ ရက်မြောက်နေ့ ရှိသွားပြီပဲဖြစ်ပါတယ်။

Zwe Naing Win's Facebook

၈ ရက်မြောက်အတွင်းမှာ ရွာထဲမှာ မကြာမကြာ ဆွမ်းကျွလေ့ရှိတာကြောင့်လည်း ဒကာ ဒကာမတွေက ဘုန်းဘုန်း ဦးဇောတိကကို တော်တော်လေးမှတ်မိနေကြပြီလို့သိရပါတယ်။ ဘုန်းဘုန်းဦးဇောတိက တဖြစ်လည်း သရုပ်ဆောင်ဇွဲနိုင်ဝင်းရဲ့ ဆွမ်းခံကြွနေတဲ့ ပုံရိပ်လေးတွေကို အားလုံး သာဓုခေါ်ဆိုနိုင်ရန်အတွက် ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။