အသက် ၉ နှစ် သို့မဟုတ် ရက်ပေါင်း ၂၂၀ အကြာတွင် ကမ္ဘာပေါ်မှာ အသက်အငယ်ဆုံး ယောဂဆရာဖြစ်လာတဲ့ အိန္ဒိယကလေးငယ်တစ်ဦဟာ ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းဝင်ခဲ့ပါတယ်။ အာရပ်စော်ဘွားများ ပြည်ထောင်စု ဒူဘိုင်းတွင် နေထိုင်ပြီး အိန္ဒိယမှ မိသားစုနှင့် နေထိုင်တဲ့ Reyansh Surani က သူဟာ အသက် 4 နှစ်အရွယ်တွင် သူ့ရဲ့ မိဘများနှင့် ယောဂကျင့်ခြင်းကို စတင်ခဲ့ကြောင်း ပြောကြားခဲပါတယ်။ အိန္ဒိယနိုင်ငံ Rishikesh ရှိ နာရီ 200 ယောဂဆရာရဲ့သင်တန်းတွင် သူရဲ့မိဘများဟာ Anand Shekhar Yoga School တွင် စာရင်းသွင်းခဲ့ကြပြီး နည်းပြဆရာဖြစ်လာရန် သူရဲ့ခရီးစဥ်ကို စတင်ခဲ့ပါတယ်။

"သူတို့နဲ့ပူးပေါင်းဖို့ ဆုံးဖြတ်ခဲ့တာ အံ့ဩစရာကောင်းလောက်အောင် သင်ကြားရတာကို နှစ်သက်ပါတယ်" လို့ Surani က ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းသို့ ပြောကြားခဲ့ပါတယ်။ Surani ဟာ သင်တန်းပြီးဆုံးပြီး အသိအမှတ်ပြုယောဂနည်းပြတစ်ဦးဖြစ်လာကာ သူ့ကို ကမ္ဘာ့အသက်အငယ်ဆုံး အသိအမှတ်ပြုထားတဲ့ ယောဂဆရာဖြစ်လာစေ‌ေကြာင်း ဂင်းနစ်မှတ်တမ်းတွင် ဖော်ပြထားပါတယ်။ “အရင်တုန်းက ယောဂဟာ ကိုယ်ဟန်အနေအထားနဲ့ အသက်ရှုခြင်းလို့ပဲ ထင်ခဲ့ပေမယ့် အဲဒါထက် အများကြီးပိုပါတယ်”လို့ သူက‌ပြောပြပါတယ်။

"ချိန်ညှိမှု၊ ခန္ဓာဗေဒဆိုင်ရာ ဒဿနိကဗေဒနှင့် အာယုဗ္ဗေဒရဲ့ အာဟာရဆိုင်ရာ အချက်အလက်များကို ကျွန်တော် သင်ယူခဲ့ရပါတယ်။ ဒါဟာ ပြင်းထန်တဲ့ သင်တန်းတစ်ခုဖြစ်ပါတယ်။" ယခု Surani ဟာ ကျောင်းရဲ့ အတန်းဖော်များအတွက် ယောဂသင်တန်းများအပြင် ကျောင်းပြင်ပတွင် သီးသန့် သင်ကြားပို့ချပေးလျက်ရှိပါတယ်။ "ကျွန်တော့်ရဲ့ အတွေ့အကြုံနဲ့ ဗဟုသုတတွေကို ကမ္ဘာတစ်ဝှမ်းက လူတစ်ဦးချင်းစီရဲ့ ကျန်းမာရေးအတွက် မျှဝေပေးနိုင်တဲ့အတွက် ဝမ်းသာပါတယ်" လို့ပြောပြခဲ့ပါတယ်။

သတင်းအရင်းမြစ်: UPI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။