ဆိုရှယ်မီဒီယာဟာ မိမိတို့ကို များစွာရယ်မောစေတဲ့ ရယ်စရာဗီဒီယိုများစွာကို ကြည့်ရှုနိုင်တဲ့ ပလပ်ဖောင်းတစ်ခုဖြစ်ပါတယ်။ ခုတစ်ခါမှာဆိုရင်လည်း ဘဲတစ်ကောင်ဟာ ရေထဲတွင် ကျားကို တိုင်ပတ်အောင် ပြုလုပ်နေပုံ သို့မဟုတ် ဘဲတစ်ကောင်ဟာ ရေထဲတွင် ကျားနှင့် တူတူပုန်းတမ်း ကစားနေတယ်လို့ ပြောလို့ရပါတယ်။ ဒီဗီဒီယိုကို ကြည့်ပြီး အင်တာနက်အသုံးပြုသူတွေဟာ ဘဲငယ်ရဲ့ရဲစွမ်းသတ္တိကို ချီးကျူးကြပြီး ငှက်ငယ်တစ်ကောင်ဟာ ကျားနဲ့ ရောယှက်နေတာကို ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ရပါတယ်။

ဒီဗီဒီယိုမှာ ကျားတစ်ကောင်ဟာ ရေကန်ရဲ့ကမ်းစပ်မှာ ရပ်နေပြီး ဘဲတစ်ကောင်ကုိမြင်ပြီး ရေထဲခုန်ချနေတာကို မြင်တွေ့နိုင်ပါတယ်။ ကျားဟာ ဘဲတစ်ကောင်ကို ဖမ်းရန် အနီးသို့ ရောက်သွားသည်နှင့် တပြိုင်နက် ဘဲဟာ ရေထဲတွင် နှစ်မြှုပ်ကာ အခြားတစ်နေရာမှ ထွက်လာပါတယ်။ ကျားဟာ ဘဲကိုဖမ်းရန်ကြိုးစားပေမယ့် ခုလိုမ‌ျိုး 3-4 ကြိမ်ဖြစ်ပွားခဲ့ပါတယ်။

ဘဲကိုကြည့်ရသည်မှာ ကျားနဲ့ တူတူပုန်းတမ်း ကစားနေပုံပါပဲ။ အကြိမ်ကြိမ်ကြိုးစားပြီးနောက် ကျားဟာ ဘဲတစ်ကောင်ကိုဖမ်းရန် စိတ်ညစ်ခဲ့ရပြီး လက်လျှော့အရှုံးပေးကာ ပြန်ခဲ့ရပါတယ်။ ဒီဗီဒီယိုကိုကြည့်ပြီးနောက် အင်တာနက်အသုံးပြုသူများဟာ သူတို့ရဲ့ မတူညီတဲ့တုံ့ပြန်မှုများကို ပေးခဲ့ကြပါတယ်။ အချို့သော သုံးစွဲသူများဟာ ဘဲရဲ့ ရဲရင့်မှုကို အလေးပြုကြပါတယ်။ သင်လည်း ဒီ‌ဗီဒီယိုကိုကြည့်ပြီးတဲ့အခါ တစ်ခုခုတော့ သင်ခန်းစာ ရမှာပါ။

သတင်းအရင်းမြစ်: Update Fever

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။