ရေနံချောင်းမြို့မှ ရိုးသားစွာဖြင့် အလှူရှင်တွေဆီက တောင်းရန်းစားသောက်မှုလေးတွေပြုလုပ်တဲ့ ဦးမောင်မောင်ကြည် (ခေါ်) ဗိုလ်ကြည်မောင်ဟာ ရေနံချောင်းမြို့က တောင်းရန်းလို့ ရသမျှငွေလေးတွေကို စုဆောင်းပြီး ကျောင်းတိုက်အသီးသီးမှ သတင်းသုံးတော်မူတဲ့ သံဃာတော်တွေနဲ့ သီလရှင်တွေကို သံဃာ့ဒါန ဆွမ်းတော်ကြီး လောင်းလှူပွဲ ပြုလုပ်ပေးမယ်လို့ သိရပါတယ်။ ဆွမ်းတော်ကြီးလောင်းလှူပွဲကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ ပြုလုပ်ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Credit to Original Uploader
Credit to Original Uploader

ချို့တဲ့တဲ့ မသန်စွမ်းတောင်းရမ်းသူတစ်ယောက်က အခုလို အလှူကြီး ပြုလုပ်တာကိုလည်း အားလုံးက အံ့သြနေကြပါတယ်။ ဦးမောင်မောင်ကြည် (ခေါ်) ဗိုလ်ကြည်မောင်ဟာ ရေနံချောင်းမြို့ရှိ လမ်းမများတွင်နေထိုင်ကာ နှစ်ရှည်လများ တောင်းရမ်းစားသောက်ခဲ့တဲ့သူဖြစ်ပြီး တောင်းရမ်းစားသောက်လို့ ရသမျှ ပိုက်ဆံတွေအားလုံးကိုလည်း သူယုံကြည်တဲ့ တိုင်းကျောင်လက်ဖက်ရည်ဆိုင် ပိုင်ရှင်ထံမှာ အပ်နှံစုဆောင်းတယ်လို့ သိရပါတယ်။

Credit to Original Uploader

မသန်စွမ်းကြီး ဦးမောင်မောင်ကြည်ဟာ စုဆောင်းရရှိထားသောပိုက်ဆံများထဲမှ ၃ သောင်း ၇ ထောင်ကို ရေနံချောင်းမြို့ ရွှေကြာငုံရပ် မဟာမုနိအသံမစဲမဟာ ပဌာန်း ပူဇော်ပွဲအတွက် ငွေပဒေသာပင်သီး၍သော်လည်းကောင်း ၊ ရေနံချောင်းမြို့ စာရေးတန်မဲပွဲအတွက် ငွေသားနှင့်အလှူငွေ ၃ သိန်းကိုလည်းကောင်း ၊ ရေနံချောင်းမြို့ရှိ ကျမ်းကိုင်ဘုရားကြီး ပြုပြင်ရေး အလှူငွေအတွက် ငွေကျပ် ၅ သောင်းကိုလည်းကောင်း ၊ စတုပစ္စယရိုးမဆွမ်းလောင်းအသင်းအတွက် အလှူငွေကျပ် ၁ သိန်းကိုလည်းကောင်း ၊ ရေနံချောင်းမြို့အောက်စီဂျင်စက်ရုံ (ပရဟိတ) ဖြစ်မြောက်ရေးအတွက် အလှူငွေ ၃ သောင်း ကိုလည်းကောင်း လှူဒါန်းခဲ့ပြီးဖြစ်ပါတယ်။

Credit to Original Uploader
Credit to Original Uploader

အခုတစ်ခေါက် သံဃာ့ဒါနဆွမ်းလောင်းလှူပွဲကြီးအတွက်လည်း ငွေကျပ် ၇ သိန်းကျော် အကုန်အကျခံထားပြီး သံဃာတော်အပါး ၅၀၀ နှင့် သီလရှင်အပါး ၁၀၀ တို့ကို ဆွမ်းဟင်း ၅ မျိုးဖြင့် လှူဒါန်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဦးမောင်မောင်ကြည်ရဲ့ အလှူဒါနထူးတွေအတွက် တစ်ခုတည်းသော ဆုတောင်းလေးကတော့ "ဘဝဆက်တိုင်း သူတောင်းစားမဖြစ်ရပါစေနဲ့ " ဖြစ်ပါတယ်။ စေတနာ သဒ္ဓါတရား ထက်သန်တဲ့ ဦးမောင်မောင်ကြည်တစ်ယောက် တောင်းတဲ့ဆုပြည့်ပြီး ဘဝဆက်တိုင်း ကောင်းတဲ့ဘုံဘဝထူးကို ရရှိ မှာကတော့ အသေအချာပဲဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။