Crash Landing on You စုံတွဲလေးဖြစ်တဲ့ Hyun Bin နဲ့ Son Ye Jin တို့စုံတွဲလေး လက်ထပ်ကြတော့မယ်ဆိုတာ အားလုံးပဲသိကြမှာပါနော်။ နှစ်ယောက်စလုံးက နာမည်ကြီးပြီးအရမ်းချမ်းသာတဲ့ စုံတဲ့လေးဖြစ်တာကြောင့် သူတို့နှစ်ယောက်သာ လက်ထပ်ဖြစ်သွားရင် Rain နဲ့ Kim Tae-hee တို့စုံတွဲလိုမျိုး အရမ်းချမ်းသာတယ် ဒိတ်ဒိတ်ကြဲစုံတွဲ ဖြစ်လာနိုင်တယ်ဆိုပြီး ခန့်မှန်းထားကြပါတယ်။သူတို့နှစ်ဦးရဲ့ ဝင်ငွေက အမေရိကန် ဒေါ်လာ ၄၁ သန်းအထိရှိလာနိုင်ပြီး အချမ်းသာဆုံး နာမည်ကြီးစုံတွဲအထိ ဖြစ်လာနိုင်ပါတယ်။

SCMP

Son Ye Jin ရဲ့ ဝင်ငွေက ၂ နာရီကြာရုပ်ရှင်တစ်ကားကို ဟိုး ၂၀၀၀ ခုနှစ်လောက်ကတည်းက အမေရိကန်ဒေါ်လာ ၅သိန်း အထိရှိပြီး ဇာတ်လမ်းတွဲအပိုင်း တစ်ပိုင်းကို အမေရိကန်ဒေါ်လာ၄သောင်းနှစ်ထောင် အထိပေါက်ဈေးရှိခဲ့တာပါ။ ဒီနေ့ခေတ် ၂၂ ရာစုမှာတော့ သူမရဲ့ ဝင်ငွေက ရုပ်ရှင်ဇာတ်လမ်းအပိုင်းတစ်ပိုင်းကို အမေရိကန်ဒေါ်လာ ၁သောင်း ၈ ထောင်အထိ ပေါက်ဈေးရှိနေပြီလို့ သိရပါတယ်။

Son Ye-Jin is the face of a number of brands. Photo: @binjinfanpage/Instagram

တောင်ကိုရီးယား မင်းသား Hyun Bin ကလည်း ၂၀၀၃ ခုနှစ်ကတည်းက ပွဲဦးထွက်ခဲ့တဲ့သူဖြစ်ပြီး အောင်မြင်မှုတွေ တောက်လျှောက်ရရှိခဲ့တဲ့သူဖြစ်ပါတယ်။ Secret Garden ရိုက်တုန်းကဆိုရင် သူ့ရဲ့ဝင်ငွေက ဇာတ်လမ်းအပိုင်းတစ်ပိုင်းကို အမေရိကန်ဒေါ်လာ ၂သောင်း ၇ထောင်အထိ ပေါက်ဈေးရှိခဲ့တယ်လို့ သိရပါတယ်။

Hyun Bin in action for Omega. Photo: @hyunbin_actor/Instagram

Memories of the Alhambra ရိုက်တုန်းကလည်း အပိုင်းတစ်ပိုင်းကို အမေရိကန်ဒေါ်လာ ၉ သောင်းအထိ ရရှိခဲ့ပြီး အခုလတ်တလောက် ပေါက်ဈေးက ဇာတ်လမ်းအပိုင်းတစ်ပိုင်းကို ၁ သိန်း ၁ သောင်း ၃ ထောင် အထိရရှိနေပြီလို့ သိရပါတယ်။

Son Ye-jin posing for Valentino. Photo: @yejinhand/Instagram

ဒါ့အပြင် Hyun Bin ရဲ့ ကြော်ငြာတွေကရရှိတဲ့ ဝင်ငွေကတည်း သွေးပျက်စရာကောင်းလှအောင်ကို ကြောက်ခမန်းလိလိပါပဲ။ သူရဲ့ကြော်ငြာဝင်ငွေတွေက တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၅ သိန်းကျော် ၆ သိန်းနီးပါး အထိကို ရှိပါတယ်။

Hyun Bin and Son Ye Jin's Ad

အရမ်းကို ချမ်းသာကြတဲ့ ကျိကျိတတ်အနုပညာရှင်တွေရဲ့ အိမ်တွေဟာဆိုရင်လည်း နန်းတော်ကြီးတွေအလားထင်မိလောက်အောင်ကို အကြီးကြီးတွေဖြစ်ပါတယ်။

Hyun Bin has a home in Walkerhill Podoville in Achiul Village. Photo: @OHVELY87/Twitter
A photo outside Mark Hills in Dongjak District, where Hyun Bin previously lived. Photo: @malice_sanaa/Twitter

ပိုက်ဆံတွေကို ထားစရာမရှိလောက်အောင် ချမ်းသာနေကြတဲ့ သူတို့နှစ်ယောက်သာ လက်ထပ်ပြီးလို့ကတော့ ရနေတဲ့ ဝင်ငွေတွေထက် နှစ်ဆဖြစ်ပြီး ကြွယ်ဝချမ်းသာမှုကတော့ တားလို့ကိုရတော့မှာ မဟုတ်ပါဘူးနော်။

သတင်းအရင်းမြစ်: SCMP

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။