ဟန်ချက်ညီတဲ့ကျောက်တံုးများဟာ ကြီးမားတဲ့ကျောက် သို့မဟုတ် ကျောက်တုံးကြီးတစ်ခုပါ၀င်ပြီး သဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ ဘူမိဗေဒဖွဲ့စည်းမှုတစ်ခုဖြစ်ပါတယ်။ ‌ထိုကျောက်တုံးတွေဟာ တစ်ခါတစ်ရံတွင် ကြီးမားတဲ့အရွယ်အစားရှိသလို အခြားကျောက်များ‌ေပါ်တွင်လည်းရှိတက်ကာ ရေခဲတောင်များပေါ်တွင်လည်း တည်ရှိတက်ပါတယ်။ သိပ္ပံနည်းကျ သူတို့ကို ဟန်ချက်ညီတဲ့ ကျောက်တုံးများလို့ပဲ သတ်မှတ်လို့မရပါဘူး။ သူတို့ကို အချက်လေးချက်ထဲက တစ်ချက်နဲ့ညီမှ ဟန်ချက်ညီတဲ့ကျောက်တုံးအဖြစ်သတ်မှတ်ကြပါတယ်။ အချက်လေးချက်ကတော့ ရေခဲပြင်အပြောင်းအလဲများ ဖြစ်ခြင်း၊ တည်ဆောက်မှုကြောင့် ဖြစ်ပေါ်လာခြင်း၊ တိုက်စားမှု အကြွင်းအကျန်တို့ကြောင့် ဖြစ်ပေါ်လာခြင်းနှင့် မှိုကျောက်ဆိုပြီး လေးမျိုး ခွဲထားပါတယ်။

ရေခဲပြင်အပြောင်းအလဲများ ဖြစ်ခြင်းဆိုတာကတော့ ရေခဲများအရည်ပျော်ပြီး နေရာရွှေ့လျားမှုကြောင့် ရေခဲများနဲ့အရည်‌ေပျာ်ခြင်းနဲ့အတူ ပါလာတဲ့တချို့ကျောက်တုံးတွေဟာ တခြားကျောက်တုံးများ သို့မဟုတ် ကျောက်‌ေမြများပေါ်တွင် တင်ရှိတက်သွားပါတယ်။ ဒီလိုကျောက်တုံးတွေကိုတော့ အင်္ဂလန် Cornwall ရှိ Logan Rock နဲ့ နောက်တစ်ခုကတော့ ပြင်သစ်နိုင်ငံ Brittany မှာရှိတဲ့ Trembling Rock တို့ပဲဖြစ်ပါတယ်။ အဲ့ဒီကျောက်တုံးတွေဟာ အားအနည်းငယ်သုံးပြီးထိလိုက်တာနဲ့ တုန်လှုပ်တက်ပါတယ်။

တည်ဆောက်မှုကြောင့် ဖြစ်ပေါ်လာတာကတော့ လူသားတွေ တည်ဆောက်တာကိုပြောဆိုတာမဟုတ်ပါဘူး။ မြေပြိုကျခြင်း သို့မဟုတ် ကျောက်တုံးပြိုကျခြင်းတို့ကြောင့် ဖြစ်ပေါ်လာတာကို သတ်မှတ်တာဖြစ်ပါတယ်။

တိုက်စားမှု‌အကြွင်းအကျန်တို့ကြောင့် ဖြစ်ပေါ်လာတာကတော့ လေ၊ရေနှင့် ဓါတု တိုက်စားမှုကြောင့် ဖြစ်ပေါ်လာတာကို ခေါ်ဆိုခြင်းဖြစ်ပါတယ်။ ဩစတေးလျနိုင်ငံ မြောက်ပိုင်းနယ်မြေရှိ Karlu Karlu/Devils Marbles ထိန်းသိမ်းစောင့်ရှောက်ရေး ဂေဟာတွင် တိုက်စားမှု အကြွင်းအကျန်များကြောင့် ဖြစ်ပေါ်လာတဲ့ ကျောက်တုံးတွေကို တွေ့ရှိနိုင်ပါတယ်။

မှိုကျောက်ဆိုတာကတော့ အမှန်တကယ်တိုင်းဆို ဟန်ချက်ညီတဲ့ ကျောက်တုံးတွေ မဟုတ်ကြပါဘူး။ သူတို့ဟာ ကျောက်တုံးကြီးတစ်ခုတည်းသာဖြစ်ပါတယ်။ ဒါပေမယ့် အောက်ခြေက သေးပြီး အပေါ်ပိုင်းမ‌ှာ ကြီးသွားတဲ့ ကျောက်တုံးမျိုးတွေပဲဖြစ်ပါတယ်။

ဒီလိုဟန်ချက်ညီတဲ့ ကျောက်တုံးများစွာကို ကမ္ဘာတစ်လွှားမှာ တွေ့ရှိနိုင်ပါတယ်။ တွေ့ရှိနိုင်တဲ့ နိုင်ငံတွေကတော့ အာဖရိက၊ အိန္ဒိယ၊ ဩစတြေးလျ၊ ဗီယမ်နမ်၊ မြန်မာ၊ အင်္ဂလန်၊ ဖင်လန်၊ ပိုလန်၊ စပိန်၊ နော်ဝေး၊ ကနေဒါ၊ ယူအက်စ်၊ မက္ကဆီကိုနဲ့ အာဂျင်တီးနားနိုင်ငံတို့မှာပဲဖြစ်ပါတယ်။

သတင်းအရင်းမြစ်: Wikipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။