တောင်ကိုရီးယားမင်းသမီး Son Ye Jin ဟာ “Crash Landing on You” ဇာတ်လမ်းနဲ့ တစ်ဟုန်ထိုး နာမည်ကြီးခဲ့တဲ့ သူဖြစ်ပါတယ်။ Sone Ye Jin ဟာ သရုပ်ဆောင်ပိုင်းစွမ်းရည်တွေ ပိုပိုပြီး တိုးတတ်လာဖို့ အမြဲ ကြိုးစားနေတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ tvN ကထုတ်လွှတ်ခဲ့တဲ့ Variety Show တစ်ခုမှာလည်း Soe Ye Jin တစ်ယောက် သူမဘဝအကြောင်းနဲ့ ပတ်သတ်ပြီး အခုလို ပြောခဲ့ပါတယ်။

Google

“ကျွန်မ အသက် ၄၀ ပြည့်သွားပြီဆိုတာကိုလေ တစ်ခါမှတောင်စိတ်ကူးမယဉ်ဖူးဘူး။ အခြားသူတွေ မွေးနေ့ဆုတောင်းပေးကြမှ ကိုယ့်ကိုယ်ကို ၄၀ ပြည့်မှန်းသိတာ။ အခုအချိန်ထိလည်း ကျွန်မ အသက်ကို ကျွန်မ မယုံကြည်နိုင်သေးဘူး”

Soompi

Soe Ye Jin ဟာ သူမ အသက် ၂၀ ကျော်အရွယ်တုန်းက သရုပ်ဆောင်ပိုင်းတွေနဲ့ပတ်သတ်ပြီး စိတ်တိုင်းမကျခဲ့တဲ့ အကြောင်းကိုလည်း ဝေမျှခဲ့ပါတယ်။ အသက် ၂၀ ကျော်အရွယ် သရုပ်ဆောင်ပိုင်းတွေကို သဘောမကျခဲ့တာကြောင့် အသက် ၃၀ မြန်မြန်ကျော်ချင်ခဲ့ပြီး သူမ စံထားရတဲ့ ဝါရင့် မင်းသမီးကြီးတွေ မော်ဒယ်တွေလိုမျိုး သရုပ်ဆောင်ပိုင်း ပိုင်နိုင်တဲ့သူမျိုး ဖြစ်ချင်ခဲ့တာလို့ Soe Ye Jin က ဆိုပါတယ်။အလယ်တန်းကျောင်းတုန်းက သရုပ်ဆောင်တစ်ယောက်ဖြစ်ဖို့ အိမ်မက်မက်ခဲ့ရတဲ့အကြောင်းလေးကိုလည်း Son Ye Jin က အခုလို ဆိုထားပါတယ်။

Soompi

“ကျွန်မမှာ ဖော်ပြလို့မရနိုင်ခဲ့ စိတ်ခံစားချက်တွေ အများကြီးရှိခဲ့တယ်။ သူတို့ကို အခြားတစ်နေရာကနေ ထုတ်ပြလို့ရင် ကောင်းမှာပဲဆိုပြီးတွေးခဲ့တယ်။ အဲဒီလိုနဲ့ သူတို့ကို သရုပ်ဆောင်ပိုင်းနဲ့ ဖော်ပြချင်ခဲ့တာမိတာပါ။”

Google

Son Ye Jin ဟာ အနှစ် ၂၀ လုံးလုံး လုံးဝမနားဘဲ အနုပညာအလုပ်တွေတောက်လျောက်လုပ်ခဲ့တဲ့ မင်းသမီးဖြစ်ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သတ်ပြီးတော့လည်း Son Ye Jin က အခုလိုပြောခဲ့ပါတယ်။

“ကျွန်မတကယ်နားချင်လာတဲ့အချိန်မှာ ဇာတ်ညွှန်းကိုဖတ်လိုက်မိရင် အဲဒီလိုနဲ့ နားချင်တဲ့ စိတ်ကပျောက်သွားပြန်ရောရှင့်”

Google

Son Ye Jin ဟာ အနုပညာအလုပ်ကိုတကယ်ချစ်ခဲ့တဲ့သူဖြစ်ပြီး အမြဲတမ်းတိုးတတ်နေဖို့ ကြိုးစားနေတဲ့သူဖြစ်ပါတယ်။ အမြဲတမ်း ဇာတ်ညွှန်းတွေနဲ့ပဲအချိန်ကုန်နေခဲ့တဲ့ မမ Son Ye Jin တစ်ယောက် သူမရဲ့ အချစ်ဦးဖြစ်တဲ့ Hyun Bin နဲ့ မကြာခင်မှာ လက်ထပ်တော့မှာဖြစ်တယ်လို့ သိရပါတယ်။

သတင်းအရင်းမြစ်: Soompi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။