အားလုံးသိကြတဲ့ထိုင်းနိုင်ငံရဲ့မြို့တော် ဘန်ကောက်မြို့ကို Krung Thep Maha Nakhon လို့ အမည်ပြောင်းတော့မှာ ဖြစ်ကြောင်း ထိုင်းတော်ဝန်အဖွဲ့အစည်းရုံးက ကြေညာလိုက်ပါတယ်။ နာမည်ပြောင်းလိုက်ပေမယ့် အရင်နာမည်ဖြစ်တဲ့ ဘန်ကောက်ကိုလည်း ဆက်လက်ခေါ်ဆိုခွင့် ရှိဦးမယ်လို့ သိရပါတယ်။ ထိုင်းလူမျိုးတွေကတော့ အခုလို ကြေညာချက်မထုတ်ပြန်ခင်ကတည်းက ဘန်ကောက်ကို Krung Thep Maha Nakhon  လို့ ခေါ်ဆိုခဲ့ကြတာဖြစ်ပါတယ်။

Google

ဘန်ကောက်မြို့ရဲ့ နာမည်အသစ်ဖြစ်တဲ့ Krung Thep Maha Nakon ကို ထိုင်းလူမျိုးတွေက Krung Thep လို့ခေါ်ဝေါ်ကြပြီး အရှည်ကောက်က “ Krungthepmahanakhon Amonrattanakosin Mahintharayutthaya Mahadilokphop Noppharatratchathaniburirom Udomratchaniwetmahasathan Amonphimanawatansathit Sakkathattiyawitsanukamprasit”  ဖြစ်တယ်လို့ သိရပါတယ်။ နာမည်ကြီးကရှည်လွန်းတာကြောင့် အရှည်ကောက်ကို ရွတ်ရင်တော့ ရေတစ်ခွက်ဆောင်ထားရမှာပါ။

Google
Google

Krung Thep Maha Nakhon ရဲ့ တစ်လုံးချင်းအဓိပ္ပါယ်က Krung က မြို့တော် ၊ Thep က နတ်သမီး ၊  Maha က ကြီးမြတ်ခြင်း ၊  Nakhon ကလည်း မြို့တော် စသဖြင့် အဓိပ္ပါယ်တွေရှိပြီး စကားလုံးအားလုံးပေါင်းကို နတ်သမီးမြို့တော်၊ ရတနာကိုးပါးရှင်သန်နေတဲ့မြို့တော် စသဖြင့် အဓိပ္ပါယ်တွေ သတ်မှတ်လို့ရတယ်လို့လည်းသိရပါတယ်။

Google
Google

ဘန်ကောက်မြို့ရဲ့ နာမည်ကိုတော့ ၂၀၀၁ ခုနှစ်ကနေ စတင်အသုံးပြုခဲ့ကြတာဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းကလူအများစုကလည်း ဘန်ကောက်လို့သာ ကျယ်ကျယ်ပြန့်ပြန့် သိထားကြတာဖြစ်ပါတယ်။ အသစ်ပြောင်းလိုက်တဲ့နာမည်ကိုတော့ ထိုင်းလူမျိုးတွေကလွဲရင် အခြားလူမျိုးတွေ သိနိုင်မှာ မဟုတ်ဘူးလို့ သုံးသပ်ထားကြပါတယ်။

Google
Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။