မော်ဒယ်သရုပ်ဆောင်ထူးအောင်ဟာဆိုရင်ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ပဌာန်းကျောင်းတိုက်ဘုန်းဘုန်း ဦးဆောင်တဲ့ ထမနဲ့စုပေါင်းအလှူပွဲမှာ တစ်တပ်တစ်အား ပါဝင်ခဲ့တဲ့အကြောင်းကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်ကနေ တစ်ဆင့် ဝေမျှထားပါတယ်။ ထမနဲ့စုပေါင်း အလှူပွဲက စုစုပေါင်း ထယ် ၆၀ လို့သိရပြီး တနေကုန် အားနဲ့ထမနဲကိုထိုးကြရတာကြောင့် ခြေထောက်နာတဲ့သူကနာ ၊ ခါးနာတဲ့သူကနာ ဖြစ်ကြတယ်လို့ ထူးအောင်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အခုလို ပြောထားပါတယ်။

Htoo Aung's Facebook
Htoo Aung's Facebook
Htoo Aung's Facebook

“14.2.2022 ပဌာန်းကျောင်းတိုက် ဘုန်းဘုန်းဦးဆောင်သော ထမနဲ စုပေါင်းအလှူ။ ?

ထယ်၆၀ ဆိုတော့ တနေကုန် ထိုးရတော့ ဒီနေ့ဆိုလက်တွေ နာတဲ့သူကနာ ၊ ခြေထောက်နာတဲ့သူက နာ၊ ခါးနာတဲ့သူက နာနဲ့ပေါ့။

အလှူရှင်တွေက လှူလဲလှူ ကိုယ်တိုင်လုပ်အားလဲ ပါဝင်တော့ အားလုံးပျော်ရွှင်ရပြီး ကုသိုလ်ပိုဖြစ်ပါတယ်။”

Htoo Aung's Facebook
Htoo Aung's Facebook
Htoo Aung's Facebook

ထယ် ၆၀ ကြီးတောင်ဆိုတော့ ထမနဲတွေလည်း တော်တော်ကြီးကို လှူရမှာပဲဖြစ်ပါတယ်။ ထူးအောင်တို့ဟာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ၊ တပို့တွဲလပြည့်နေ့ (သြဝါဒပါတိမောက် အခါတော်နေ့) မှာ ထမနဲကုသိုလ် အလှူပြုလုပ်ရန်ရည်ရွယ်ပြီး လုပ်အားကုသိုလ် ၊ ငွေအားကုသိုလ် အဖြစ် တစ်တပ်တစ်အား ပါဝင်ခဲ့ကြတာပဲဖြစ်ပါတယ်။

Htoo Aung's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။