တောင်ကိုရီးယားမင်းသမီး Kim Byul ဟာဆိုရင်အသက်အရွယ်နဲ့မမျှအောင်ကို ငယ်ရွယ်တဲ့မျက်နှာလေးကိုပိုင်ဆိုင်ထားတဲ့သူပဲဖြစ်ပါတယ်။ ဘယ်လောက်တောင်နုသလဲဆိုရင် ကျောင်းသူဇာတ်ကောင် လူရွေးပွဲမှာ ငယ်ရွယ်တဲ့အခြားပြိုင်ဘက်တွေအားလုံးကိုကျော်တတ်ပြီး အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် Dream Knight ဆိုတဲ့ဇာတ်လမ်းထဲမှာ သူမကို ကျောင်းသူလေးအဖြစ် မြင်တွေ့ရတာဖြစ်ပါတယ်။ ကျောင်းသားကားမှာပါဝင်သရုပ်ဆောင်လို့ရတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားပေမယ့်လည်း အသက်ကွာဟချက်ကြောင့် ဝေဖန်မှုတွေရရှိခဲ့ပြီး အောင်မြင်မှုမရရှိခဲ့ပါဘူး။

Google
Google

ဒါကြောင့် သူမဟာ အံ့သြစရာဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ပါတယ်။ အဲဒါကတော့ အခြားမဟုတ်ပါဘူး။ သူမပွဲဦးထွက်ခဲ့တဲ့ နာမည်ဖြစ်တဲ့ Kim Byul ဆိုတဲ့နာမည်ကို Song Ha-yoon အဖြစ်ပြောင်းလဲပြီး အနုပညာလောကထဲကို ဆုံးဖြတ်ချက်တွေ အသစ်နဲ့ ဒုတိယတစ်ကြိမ်ပြန်လည်ဝင်ရောက်လာတာပါ။

Google

နာမည်ပြောင်းပြီးတဲ့နောက်မှာ Song Ha-yoon က အခြား အလုပ် ၁ ခု ၂ ခုကို ဆက်လက်ပြီးလုပ်ဆောင်ခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ပြန်ပါဘူး။ “My Daughter, Geum Sa-wol” ဆိုတဲ့ ဇာတ်ကားလေးမှာတော့ ပရိသတ်တွေရဲ့ အားပေးမှု ပိုပြီးရရှိလာခဲ့ပါတယ်။

Google
Google

“My Daughter, Geum Sa-wol” ဇာတ်လမ်းမှာရရှိခဲ့တဲ့ အောင်မြင်မှုကြောင့်ပဲ Song Ha-yoon တစ်ယောက် အမည်မသိ အနုပညာရှင်တစ်ယောက်အဖြစ်ကနေ ကျော်လွှားနိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ Song Ha-yoon ဟာ အောင်မြင်မှုတွေကို အသက်ကြီးတဲ့အချိန်မှာ စပြီးပိုင်ဆိုင်ရရှိခဲ့တာဖြစ်ပါတယ်။ Song Ha-yoon ဟာလက်ရှိမှာ အသက် ၃၅ နှစ်ရှိနေပြီပဲဖြစ်ပါတယ်။

Source - https://kbizoom.com/this-actress-kept-playing-high-school-student-roles-until-the-age-of-28-because-of-her-young-face/

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။