ငယ်ငယ်က အိမ်မှာ အမေနဲ့အဖေ အပြင်သွားလို့ ညီအစ်ကို‌မောင်နှမတွေနဲ့ပဲကျန်ခဲ့တဲ့ အခိုက်အတန့် ရှိခဲ့ဖူးကြမယ်ထင်ပါတယ်။ ခုဖော်ပြမယ့်ဇာတ်လမ်းလေးကလည်း အဲ့လို ညဘက်ကြီး အမေနဲ့အဖေအပြင်သွားချိန်မှာ အိမ်မှာကျန်ခဲ့တဲ့ မောင်နှမနှစ်ယောက်ရဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပါတယ်။ မြို့ပြဒဏ္ဍာရီတွေကို အခြေခံထားတဲ့ ဇာတ်လမ်းလေးတစ်ခုပါ။

အမေဖြစ်သူဟာ ညဘက်ကြီး အပြင်ထွက်သွားချိန် သူမရဲ့ သားသမီးတွေကို ဘာကြောင့်မှ တံခါးမဖွင့်ဖို့ မှာခဲ့ပါတယ်။ " တစ်ယောက်ယောက် တံခါး‌လာခေါက်ရင် မဖွင့်မိစေနဲ့ " ဆိုပြီး သူမကပြောခဲ့ပါတယ်။ ဒါပေမယ့် မောင်နှမ‌နှစ်ယောက်ဟာ သူတို့အမေရဲ့ သတိပေးစကားကို အာရုံမရောက်ပဲ သူတို့အ‌မေက အရမ်းဂရုစိုက်လွန်းအားကြီးကြောင်း သူတို့ဟာ ဘယ်အခြေအနေမျိုးကိုမဆို ကိုင်တွယ်နိုင်ကြောင်း တွေးနေခဲ့ပါတယ်။

မိဘနှစ်ယောက် အပြင်ထွက်သွားပြီး တစ်နာရီကျော်လောက်အကြာမှာ အိမ်ရှေ့တံခါးကနေ " ဒုတ် ဒုတ် ဒုတ် " ဆိုပြီး တံခါးလာခေါက်သံကိုလကြားရပါတယ်။ မောင်နှမနှစ်ယောက်ဟာ အဲ့ဒီအသံကို ဂရုမစိုက်ပဲနေဖို့ ဆုံးဖြတ်ခဲ့ကြပေမယ့် တံခါးခေါက်သံကို ထပ်ခါထပ်ခါကြားနေခဲ့ရပြီး အသံဟာလည်း ကျယ်သထက် ကျယ်လာပါတယ်။ ခဏကြာတော့ ကောင်မလေးက မခံနိုင်တော့ပဲ သူသွားဖြေဖို့ လုပ်တော့မယ်လို့ ကောင်လေးကိုပြောချိန်မှာ ကောင်လေးကလည်း အမေက ဘာမှမလုပ်ဖို့ သတိပေးခဲ့ကြောင်း ပြောနေခဲ့ပါတယ်။ ကောင်မလေးကတော့ ဒါကိုဂရုမစိုက်ခဲ့ပါဘူး။

အဲချိန်မှာ " ဒုတ် ဒုတ် ဒုတ် " ဆိုတဲ့တံခါးခေါက်သံကို ထပ်ကြားခဲ့ရတာကြောင့် အစ်မဖြစ်သူဟာ မနေနိုင်တော့ပဲ အောက်ထပ်ကိုဆင်းသွားပါ‌ေတာ့တယ်။ မောင်ဖြစ်သူကတော့ ဆိုဖာပေါ်မှာ တီဗီကြည့်နေခဲ့ပါတယ်။ သူအစ်မ အောက်ထပ်ကိုဆင်းသွားတဲ့ ခြေသံတွေကို သူကြားနေခဲ့ရပြီး " ဘယ်သူလဲ " ဆိုတဲ့ သူအစ်မရဲ့ ကျယ်လောင်စွာ မေးသံကိုလည်း ကြားနေခဲ့ပါတယ်။ အိမ်ရှေ့တံခါး ပွင့်သွားတာကိုလည်း သူကြားနေရပါတယ်။ အဲ့နောက် သူဘာသံမှ မကြားရတော့ပါဘူး။ အသံများကြားရမလားဆိုပြီး ကြမ်းပြင်ကိုကပ်ပြီး နားထောင်ခဲ့ပေမယ့် သူဘာသံမှ မကြားရပါဘူး။

သူလည်းအဲ့ချိန်မှာ ကြောက်လန့်စပြုလာပြီး သူ့ရဲ့အစ်မကလည်း ပြန်‌ေပါ်မလာသေးပါဘူး။ သူ့ရဲ့အစ်မကို ခေါ်ဖို့လည်းကြောက်နေတာကြောင့် အိမ်နောက်ဘက်က ပြတင်းပေါက်ကနေ အိမ်နီးချင်းအိမ်ကို ဆင်းပြေးသွားပါတော့တယ်။ သူအိမ်ထဲရောက်နေချိန်မှာ အိမ်နီးချင်းတွေက TV မှာ မြို့နယ်အတွင်း လူသတ်သမားတစ်‌ေယာက် လွတ်မြောက်နေကြောင်း ကြေညာချက်ကို ကြည့်နေခဲ့ကြပါတယ်။ Tv ရဲ့တိုက်ရိုက်ထုတ်လွင့်မှုကတော့ သတင်းထောက်တစ်ယောက် လူသတ်မှုဖြစ်နေတဲ့ မြင်ကွင်းကို ကြေညာနေတာပါ။ အိမ်နီးချင်းက ကောင်လေးကို " ဟေ့ အဲ့ဒါမင်းအိမ်နဲ့တူတယ်နော် " လို့ပြောချိန်မှာ ကောင်လေးက ကြောက်လန့်ပြီး " အဲ့ဒါကျွန်တော်အိမ်ပဲ ....ပြီးတော့ အဲ့တာ ကျွန်တော်တို့ရဲ့ အိမ်ရှေ့ တံခါးပဲ "။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။