Tyson Bottenus ဟာ ကော်စတာရီကာတွင် စက်ဘီး‌ေမှာက်မှု များစွာဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် သူနဲ့သူ့ရဲ့ စေ့စပ်ထားသူ Liza က သူ့ဒဏ်ရာကို ဆေးကြောပြီး ခရီးဆက်ခဲ့ကြပါတယ်။ သို့သော် 2018 ခုနှစ်အစတွင် Bottenus ဟာ အမေရိကန်သို့ပြန်လာတဲ့အခါမှာ သူရဲ့ဦးနှောက်တွင် အနက်ရောင်မှို ကြီးထွားခြင်းကြောင့် ဖြစ်ရတဲ့လက္ခဏာများ၊ အားနည်းတဲ့ လက္ခဏာများကို စတင်ခံစားခဲ့ရ‌‌ကြောင်း ဆရာဝန်များကပြောကြားခဲ့ပါတယ်။ Bottenus ဟာ အသက် 31 နှစ်အရွယ်တွင် ပြင်းထန်တဲ့ ခေါင်းကိုက်ခြင်းကို ခံစားခဲ့ရပါတယ်။

“ကျွန်တော် တတ်နိုင်သလောက် သက်သာရာရသလောက်ရှာပြီး ရေနွေးနဲ့ရေချိုးနေတယ်” ။ စစဖြစ်ချင်တုန်းက ဆရာဝန်တွေက သူ့ကို ခေါင်းကိုက်ရခြင်း အခြေအနေအမျိုးမျိုးအတွက် စမ်းသပ်ခဲ့ပါတယ်။ အဲ့နောက် သူ့တွင် cysticercosis၊ Lyme ရောဂါ၊ တီဘီ၊ HIV၊ သို့မဟုတ် ဦးနှောက်ကင်ဆာ မရှိဟု ဆုံးဖြတ်ခဲ့ကြပါတယ်။ နောက်ဆုံး ရှစ်လကြာပြီးနောက် အာရုံကြောခွဲစိတ်ဆရာဝန်တစ်ဦးဟာ ဦးနှောက်အသားစဥ်စစ်ဆေးခြင်း (Bottenus ရဲ့ တတိယမြောက်) ကိုပြုလုပ်ခဲ့ပြီး သူရဲ့ဦးနှောက်တွင် မှိုများပေါက်လာသည်ကို သတိပြုမိခဲ့ပါတယ်။

ဓါတ်ခွဲခန်းနမူနာများမှ Bottenus တွင် Cladophialophora bantiana လို့ခေါ်တဲ့ မှိုအမည်းရောင် သူ့ဦးနှောက်တွင် ကြီးထွားနေကြောင်း ဆုံးဖြတ်ခဲ့ကြပါတယ်။ သူဟာ Costa Rica တွင် စက်ဘီးစီးနေစဉ် ဖုန်မှုန့်များကို ရှူရှိုက်မိခြင်း သို့မဟုတ် ထိုနေရာတွင် စက်ဘီး‌‌ေမှာက်မိပြီးနောက် သူ့ရဲ့ သွေးလမ်းကြောင်းမှတစ်ဆင့် မှိုကူးစက်ခံရဖွယ်ရှိပါတယ်။ Bottenus ရဲ့အခြေအနေဟာ အလွန်ရှားပါးတာကြောင့် အဖြေများ ချက်ချင်းထွက်မလာခဲ့ပါဘူး။ United States National Library of Medicine ရဲ့အဆိုအရ 1911 ခုနှစ်ကတည်းက Bottenus ကဲ့သို့ အမှုပေါင်း 120 သာရှိခဲ့ပါတယ်။ ထက်ဝက်ခန့်ကို အိန္ဒိယတွင် တွေ့ရှိရပါတယ်။ ခေါင်းထဲမှာ မှိုကြီးထွားလာတာ တော်တော်ကို ထိတ်လန့်စရာပါပဲ။

သတင်းအရင်းမြစ်: Allthatsinteresting

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။