တောင်ကိုရီးယား အနုပညာလောကဟာ အောင်မြင်မှုမြန်သလောက် နာမည်တစ်ခါလောက်ပျက်မိသွားရင်လည်း တော်တော်လေးကို အကျမြန်ပါတယ်။ နည်းနည်းလေးမှ အမှားမခံနိုင်လောက်အောင် အန္တရာယ်များတဲ့ တောင်ကိုရီးယားအနုပညာလောကမှာ တဟုန်ထိုးအောင်မြင်နေတဲ့သူတွေရှိသလို တဟုန်ထိုး နာမည်ကျသွားတဲ့သူတွေလည်း ရှိပါတယ်။ အခုဖော်ပြပေးသွားမှာက တဟုန်ထိုးအောင်မြင်ပြီး တဟုန်ထိုးနာမည်ကျသွားတဲ့ အနုပညာရှင်စာရင်းပဲဖြစ်ပါတယ်။ ဘယ်သူတွေပါလာမလဲဆိုတာကို ဆက်ပြီး ဖတ်ကြည့်ပေးသွားကြပါနော်။

၁ ။ Yoon Eun Hye

Kbizoom

မင်းသမီး Yoon Eun Hye ဟာ တစ်ချိန်တစ်ခါက Hallyu queen လို့တင်စားခေါ်ဝေါ်လို့ရတဲ့ အထိ နာမည်ကြီးတဲ့သူဖြစ်ပါတယ်။ သူမပါဝင်သရုပ်ဆောင်ခဲ့ဖူးတဲ့ Princess Hours ဇာတ်လမ်းရော Coffee Prince ဇာတ်လမ်းရောက အရမ်းကိုနာမည်ကြီးပြီး လူကြိုက်များပါတယ်။

Kbizoom
Kbizoom

တားလို့မရအောင် အောင်မြင်မှုတွေရရှိနေတဲ့ Yoon Eun Hye တစ်ယောက် ဖက်ရှင်လောကထဲဝင်ရောက်လိုက်ချိန်မှာတော့ အောင်မြင်မှုဟာ ပြန်ပြီးအဖက်ဆယ်လို့မရလောက်အောင် ကျဆင်းခဲ့ပါတယ်။ သူမဟာ အခြားသူတစ်ဦးပိုင်တဲ့ ဖက်ရှင်ဒီဇိုင်းတွေကို ခိုးယူခဲ့တယ်ဆိုတဲ့ ကိစ္စနဲ့ စွပ်စွဲခံခဲ့ရတာဖြစ်ပါတယ်။

Kbizoom

ဖက်ရှင်ဒီဇိုင်း ခိုင်းယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို Yoon Eun Hye တစ်ယောက် ဝန်မခံခဲ့တဲ့အပြင် ပိုင်ရှင်ဒီဇိုင်နာက သူမရဲ့ ပုံရိပ်ကိုသုံးပြီး ဒီဇိုင်းတွေ နာမည်ကြီးအောင်လုပ်တယ်လို့ Yoon Eun Hye က ပြောခဲ့မိပါတယ်။ ဒါကြောင့် ပရိသတ်တွေရဲ့ မုန်းတီးမှုက ပိုပြီးပြင်းထန်လာပြီး တောင်ကိုရီးယားရဲ့ မုန်းစရာအကောင်းဆုံးမင်းသမီးအဖြစ်တောင် နာမည်တွင်ခဲ့ပါတယ်။

Kbizoom

၂ ။ Goo Hye Sun

Kbizoom

Goo Hye Sun ဟာ F4 ချစ်သူလို့ မြန်မာနိုင်ငံမှာ လူသိများတဲ့ Boys Over Flowers ဇာတ်လမ်းနဲ့ အောင်မြင်မှုရရှိလာခဲ့တဲ့သူဖြစ်ပါတယ်။ နောက်ထပ်ဇာတ်လမ်းတွေမှာ ပါဝင်ခဲ့ပေမယ့်လည်း သရုပ်ဆောင်ပိုင်း အသက်မပါဘူးဆိုတဲ့ ဝေဖန်ချက်တွေနဲ့ နာမည်ကျခဲ့ရတဲ့သူဖြစ်ပါတယ်။

Kbizoom

၃ ။ Yoon Shi Yoon

Kbizoom

Yoon Shi Yoon ဟာလည်း တောင်ကိုရီးယားရဲ့ နာမည်အတတ်အမြန်ဆုံးမင်းသားတစ်လတ်လို့ဆိုရမှာပါ။ သူ က ‘Bread, Love and Dreams’ ဆိုတဲ့ဇာတ်လမ်းထဲမှာ rating 50 % အထက်နဲ့ အောင်မြင်မှုတွေအများကြီးရရှိခဲ့တဲ့သူဖြစ်ပါတယ်။ ဒါပေမယ့်လည်း နောက်ထပ်ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်လမ်းတွေမှာ ထင်သလောက်နာမည်မရခဲ့တာကြောင့် Yoon Shi Yoon ရဲ့ နာမည်ကလည်း တဖြေးဖြေး ကျဆင်းခဲ့ပါတယ်။

Kbizoom

၄ ။ Kim Hyun Joong

Kbizoom

မင်းသမီး Goo Hye Sun လိုပဲ Kim Hyun Joong ကလည်း f4 ချစ်သူဇာတ်လမ်းတွဲ Boys Over Flowers မှာ ပါဝင်သရုပ်ဆောင်ရင်း နာမည်ကြီးခဲ့တဲ့သူဖြစ်ပါတယ်။ f4 ဇာတ်လမ်းပြီးတဲ့နောက်ပိုင်းမှာလည်း Playful Kiss’ ‘Inspiring Generation’ စတဲ့ဇာတ်လမ်းတွဲတွေနဲ့ အောင်မြင်မှုတွေ တဟုန်ထိုးရရှိခဲ့ပါတယ်။

Google

အနုပညာလမ်းကြောင်းမှာ အထစ်အငေါ့မရှိ အောင်မြင်ခဲ့ပေမယ့်လည်း ရည်းစားဟောင်းဖြစ်သူရဲ့ တရားစွဲဆိုမှုကြောင့် Kim Hyun Joong ရဲ့ နာမည်က တဟုန်ထိုးကျဆင်းသွားခဲ့ရပါတယ်။

Kbizoom

တောင်ကိုရီးယားအနုပညာလောကက အတတ်မြန်သလောက် အရမ်းကို အကျမြန်တဲ့လောကကြီးဖြစ်တာကြောင့် တောင်ကိုရီးယားအနုပညာရှင်တွေအနေနဲ့လည်းသူတို့ရဲ့ နာမည် ဂုဏ်သတင်းနဲ့ ပတ်သတ်ပြီး အများကြီးသတိထားကြရပါတယ်။ နာမည်ကြီးနေတဲ့အချိန်မှာ ဝုန်းခနဲ နာမည်ထိုးကျသွားတဲ့သူတွေရှိသလို လူသိနည်းတဲ့သူအဖြစ်ကနေ ဝုန်းခနဲ နာမည်တအားကြီးလာတဲ့ သူတွေလည်းရှိပါတယ်။ အတတ်အကျမြန်တဲ့ ကိုရီးယားအနုပညာလောက အကြောင်းကို ဗဟုသုတရစေရန် ဖော်ပြပေးလိုက်ပါတယ်။

Source – Kbizoom

Images – Kbizoom

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။