လူရွှင်တော်မိုးစက်ဟာဆိုရင် အသက်ကြီးပေမယ့်လည်း စားဝတ်နေရေးအတွက် သမာအာဇီဝ စီးပွားရှာနေတဲ့ အဘ ၃ ယောက်အတွက် တစ်ဦးကို တစ်သိန်းစီ အလှူငွေ လှူဒါန်းပေးခဲ့ပါတယ်။ လှူဒါန်းပေးခဲ့တဲ့ အဘတွေထဲက ပထမဦးဆုံး အဘက တာမွေ Ocean ဘေးက ညနေ ၂ နာရီလောက်ဆို စရောင်းပြီဖြစ်တဲ့ ဗန်ဒါစေ့သည် အဘ ဖြစ်ပါတယ်။

MoeSat

နောက်ထပ်အဘတစ်ယောက်ကခြေထောက်သိပ်မသန်ပေမယ့် တာမွေဗလီနားမှာ နေ့စား ၇၀၀၀ ကျပ်ဖြင့် အုန်းစိမ်းသီးလေးတွေ ရောင်းချတဲ့ အဘဖြစ်တယ်လို့ သိရပါတယ်။

တတိယမြောက် ငွေကျပ် ၁ သိန်း လှူဒါန်းခဲ့တဲ့ အဘကတော့ ဝေဇန္တယာလမ်းနှင့် သူဝဏ္ဏမီးပွိုင့်ထောင့်က အချဉ်ပေါင်းလေးတွေ ရောင်းတဲ့ အဘဖြစ်တယ်လို့ လူရွှင်တော် မိုးစက်မှ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အခုလိုလေး ဖော်ပြထားပါတယ်။

MoeSat

“ကိုယ်တိုင်ထုရောင်းတဲ့ ဗန်ဒါစေ့လေးတွေပါသား…

ဗန်ဒါစေ့တွေ ရှားသွားလို့  ဒီ (၅)ထုပ်ထဲပါတယ်

ဒါကုန်ရင်တော့ ပြန်တော့မယ်…”

“ဘဘ အသက်က ဘယ်လောက်ရှိပြီလဲ..”

“(၇၅)နှစ်ပါ သား …”

“Aww အဘ ဇနီးနဲ့ ဗန်ဒါသီး အတူရှာ

ပြီးရင် အဘက ဒီကိုလာရောင်း အဲ့လိုပေါ့…”

“ဟုတ်တာပေါ့ သားရယ်

အဘက တူလေးတွေတော့ထည့်လာတယ်

တစ်ခါတစ်လေ တွေ့တာလေးတွေ

ထိုင်နေရင်းနဲ့ ထုပြီး ရောင်းရတာပေါ့…”

“ကဲ ဘဘ ဒါဆို ဒါလေးတွေ အကုန်ဝယ်လိုက်မယ်နော် …ရော့ အဘ တစ်သိန်း …”

“ဟင် …တကယ်ပေးတာလား

ဝမ်းသာလိုက်တာသားရယ်…

ဒါဆို အဘ အိမ်ပြန်တော့မယ်နော် …”

“အဘက ဘယ်မှာနေတာလဲ…”

“တောင်ဒဂုံမှာနေတာပါသား…”

“ကဲ လာလာ သားလဲတောင်ဒဂုံပြန်ဖို့

ကားငှါးပြီးသား သားနဲ့အတူလိုက်ခဲ့တော့နော်…”

“ကျေးဇူးပါသားရယ်…”

တာမွေ Ocean နားမှာနေ့လည် ၂နာရီခွဲနောက်ပိုင်း

ဗန်ဒါစေ့ရောင်းတဲ့ အဘအတွက် တစ်သိန်း ။

တာမွေ ဗလီ အနီးမှာ ခြေထောက်သိပ်မသန်သော်လည်း ၊နေ့စားခ (၇၀၀၀)ဖြင့် အုန်းသီးနေ့စဉ်ရောင်းချနေသူ အဘ အတွက် တစ်သိန်း ။

ဝေဇန္တယာလမ်းနှင့် သုဝဏ္ဏမီးပွိုင့်ထောင့်မှာ

အချဉ်ပေါင်းရောင်းတဲ့ အဘအတွက်

တစ်သိန်း ကျပ် လှူဒါန်းပေးခဲ့ပါတယ်။

ယခု လှူဒါန်းမှူသည် မွေးနေ့ရှင်များဖြစ်ကြတဲ့

ကိုအောင်ကိုလင်း 200000

ကိုကျော်ဆွေ 100000

လှူဒါန်းမှူ ဖြစ်ပါတယ်ဗျ ။

ကျွန်တော်နဲ့အတူ

ပူးပေါင်းပါဝင်လှူဒါန်းကြသူများ

ကျေးဇူးပါခင်ဗျာ။

#မိုးစက်

#MoeSat"

MoeSat
MoeSat

အလှူရှင်တွေကိုယ်စား ကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းပေးတဲ့ အလှူလေးက လိုအပ်နေတဲ့သူတွေ လက်ထဲကို တိုက်ရိုက်ရောက်တာကြောင့် တကယ်ကို ပီတိဖြစ်ဖို့ကောင်းလှတဲ့ အလှူလေးပါနော် ။ နောက်ထပ်လည်း လှူဒါန်းချင်တဲ့သူတွေရှိရင် အခုလိုမျိုး လူရွှင်တော်မိုးစက်ကနေ တစ်ဆင့် သွားရောက်လှူဒါန်းလို့ရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။