အစ္စရေးလယ်သမားတစ်ဦးဟာ အလေးချိန် 10.19 အောင်စရှိတဲ့ စတော်ဘယ်ရီသီးကြီးနဲ့ ဂင်းနစ်ကမ္ဘာ့စံချိန်တင်ခဲ့ပါတယ်။ iPhone တစ်လုံးထက်တောင် ပိုလေးတဲ့ အလေးချိန်တစ်ခုဖြစ်ပါတယ်။ အစ္စရေးနိုင်ငံ၊ Kadima-Zoran ရှိ မိသားစု ပိုင်ဆိုင်တဲ့ Ariel Chahi ဟာ သူ့ရဲ့ ကြီးမားလှတဲ့ စတော်ဘယ်ရီသီးရဲ့ အလေးချိန် 10.19 အောင်စဖြင့် ယခင်စံချိန်ကို ချိုးဖျက်ပြီးနောက် ကမ္ဘာ့အလေးဆုံး စတော်ဘယ်ရီအတွက် စံချိန်တင်ထားကြောင်း ဂင်းနစ်မှတ်တမ်းများအရ သိရှိရပါတယ်။

စတော်ဘယ်ရီသီးဟာ အစ္စရေးနိုင်ငံရဲ့ စိုက်ပျိုးရေးသုတေသနအဖွဲ့မှ သုတေသီ Nir Dai မှ ပထမဆုံးစိုက်ပျိုးထားတဲ့ Ilan အမျိုးအစားဖြစ်ပါတယ်။ Chahi ရဲ့ စတော်ဘယ်ရီအလေးချိန်ကို ချိန်တွယ်တဲ့ မျက်မြင်သက်သေများထဲမှ တစ်ဦးဖြစ်တဲ့ Dai ဟာ စတော်ဘယ်ရီသီးရဲ့ အရွယ်အစားကို ချီးကျူးခဲ့ပါ‌ေသးတယ်။

“စတော်ဘယ်ရီသီးဟာ ပန်းပွင့်ချိန်ကနေ ၄၅ ရက်ကျော်ကြာအောင် တဖြည်းဖြည်း ကြီးထွားလာပြီး သူ့ရဲ့ ကြီးမားတဲ့ အရွယ်အစားကနေ ရင့်မှည့်တဲ့အဆင့်အထိ ဖြစ်စေပါတယ်” လို့ Dai က ဂင်းနစ်မှတ်တမ်းတွင် ပြောကြားခဲ့ပါတယ်။ သင့်အနေနဲ့ရော ဒီလိုစတော်ဘယ်ရီသီးကြီးကို မြင်ဖူးပါသလား။ စတော်ဘယ်ရီသီးကို ကြိုက်နှစ်သက်သူ‌ေတွအတွက်တော့ စားချင်စရာကြီး ဖြစ‌်နေမှာ အမှန်ပါပဲ။

သတင်းအရင်းမြစ်: UPI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။