ကောင်လေးတစ်ယောက်ဟာ ခါတိုင်းညလိုပဲ သူ့အိပ်ရာပေါ်တွင် အိပ်နေပါတယ်။ တံခါးအပြင်ဘက်တွင် ခြေသံများကြားရတာကြောင့် ကောင်လေးဟာ အပြင်ဘက်ကို ချောင်းကြည့်‌ေနခဲ့ပါတယ်။ အဲ့အချိန်မှာ သူ့မိဘတွေရဲ့ အလောင်းတွေကို သယ်ဆောင်လာတဲ့ လူသတ်သမားဟာ အခန်းတံခါးကို တိုးတိုးလေးဖွင့်ပြီး ၀င်လာခဲ့ပါ‌တော့တယ်။ အဲ့နောက် အလောင်းတွေကို ထိုင်ခုံပေါ်မှာ တိတ်တဆိတ်တင်ပြီး နံရံပေါ်တွင် အသေကောင်များရဲ့ သွေးများဖြင့် တစ်စုံတစ်ခုကို ရေးလိုက်ပါတယ်။ အဲ့နောက် သူဟာ ကလေးရဲ့ကုတင်အောက်မှာ ၀င်ပုန်းနေခဲ့ပါတယ်။

ကလေးက မယုံနိုင်လောက်အောင် ကြောက်‌ေနပြီး နံရံမှာ ရေးထားတဲ့ စာတွေကို သူမဖတ်တတ်ပေမယ့် အဲဒီလူက သူ့ကုတင်အောက်မှာ ရှိနေမှန်း‌ေတာ့ သူသိပါတယ်။ ကလေးတိုင်းလိုလိုပင် သူဟာ လုံးလုံးလျားလျား အိပ်နေပြီး မနိုးသေးသလို ဟန်ဆောင်နေခဲ့ပါတယ်။ သူဟာ အလောင်းကောင်များကဲ့သို့ ငြိမ်ငြိမ်နေကာ အိပ်ရာအောက်မှ အသက်ရှူသံများကိုလည်း တိတ်တဆိတ် ကြားနေခဲ့ရပါတယ်။ တစ်နာရီကြာသွားခဲ့ပြီး သူ့မျက်လုံးများကလည်း အမှောင်ဆီသို့ ပို၍ပို၍ ရောက်ရှိလာပါတယ်။ နံရံပေါ်က စကားလုံးများကို သူဖတ်နိုင်ဖို့ ကြိုးစား‌နေ‌ေပမယ့်လည်း တော်တော် ရုန်းကန်နေရပါတယ်။

နောက်ဆုံး စာကြောင်းရဲ့ အဓိပ္ပာယ်ကို ဖော်ထုတ်နိုင်ချိန်မှာတော့ သူဟာ အသက်ရှုရပ်မတန့် ဖြစ်သွားခဲ့ပါပြီ။ စာရဲ့အဓိပ္ပာယ်ကတော့ "မင်းနိုးနေတယ်ဆိုတာ ငါသိတယ်" ။ အဲ့နောက် သူ့ကုတင်အောက်မှာ တစ်ခုခုပြောင်းလဲသွားသလို ခံစားလိုက်ရပါတယ်။ ခဏအကြာမှာတော့ ရဲကားများနဲ့ ရဲတွေဟာ အိမ်ပတ်၀န်းကျင်မှာ အလုပ်ရှုပ်နေခဲ့ပါတယ်။ ဖုန်းဆက်တိုင်ကြားခဲ့တဲ့ လူတစ်ယောက်က " ကလေးတစ်ယောက်ရဲ့ အော်သံကို ကြားခဲ့ရလို့ ဖုန်းဆက်တိုင်ကြားခဲ့တာပါလို့ " လို့ရဲအရာရှိတစ်ယောက်ကို ပြောနေပါတယ်။ သေဆုံးသွားတဲ့ မိသားစုရဲ့ အိမ်နားမှာတော့ အရူးတစ်‌‌ေယာက်နဲ့ သူတောင်းစားတစ်ယောက်သာ ရှိနေခဲ့ပါတယ်။

သတင်းအရင်းမြစ်: Thought Catalog

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။