Julius ဟာ သူလေးနှစ်သားအရွယ်ကတည်းကပင် မိုးပျံပူဖောင်းများကို စွဲလမ်းနေခဲ့ပြီး သူ့အမေက သူ့အတွက် ပူဖောင်းတစ်လုံးကို ဆေးရုံသို့ ယူဆောင်လာတဲ့အချိန်ကတည်းကပါ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်ငါးခုကျော်ကတည်းက သူဟာ မိုးပျံပူဖောင်းတွေကို အလွန်စွဲလမ်းနေခဲ့ပြီး ညစဉ်ညတိုင်း ထောင်ပေါင်းများစွာသော ပူဖောင်းတွေနဲ့ အတူအိပ‌်လေ့ရှိပါတယ်။ လွန်ခဲ့တဲ့ ၉ နှစ်နီးပါးက ထုတ်လွှင့်ခဲ့တဲ့ TLC ရဲ့ Strange Addiction ရဲ့ ထူးထူးခြားခြား ပြုပြင်ဖန်တီးမှုအကြောင်း ပြောပြရာမှာ Julius က "သူတို့က လှတယ်။ သူတို့က နူးညံ့တယ်၊ ချောမွေ့တယ်၊ သိမ်မွေ့တယ်။ ကျွန်တော်သူတို့နဲ့ အဆက်အသွယ်ရှိတယ်။ " လို့ပြောပြခဲ့ပါတယ်။

" မီးပုံးပျံတွေက အသက်မရှင်ဘူးဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် တစ်ခါတလေမှာ သူတို့အတွက် ကျွန်တော့်အချစ်က သူတို့ကို အသက်ပြန်ရှင်စေသလားလို့ တွေးမိတယ်။" သူ့ရဲ့ မီးပုံးပျံများကို ချစ်မြတ်နိုးခြင်းဟာ သာမန်အရာ၀တ္ထုတစ်ခုကို နှစ်သက်တာထက်ပိုပါတယ်။ သူက “မိုးပျံပူဖောင်းကို ချစ်တယ်၊ ဒါက လိင်ပိုင်းဆိုင်ရာ ချစ်ခြင်းမေတ္တာတစ်ခုပါ။ လှပတဲ့ ပူဖောင်းများကို မြင်တဲ့အခါ နှလုံးခုန်သံတွေ ခုန်တက်လာပါတယ်။ ပွေ့ဖက်မယ် နမ်းမယ် ၊ ကောင်းကင်ဘုံမှာ ရှိနေရသလိုပဲ ၊ ကျွန်တော်‌ေပြာတာက ခင်ဗျာချစ်တဲ့ မိန်းမတစ်ယောက်ကို ပွေ့ဖက်နမ်းတာကို မကြိုက်ဘူးလား " လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

တကယ်တော့ Julius မှာ မိန်းမတစ်ယောက်ရှိပါတယ်။ Julius က " ကျွန်တော့်မိန်းမက အဲဒါကို ထူးဆန်းတယ်လို့ထင်တယ်၊ ဒါပေမယ့် သူက လက်ခံတယ်။" ပူဖောင်းများကို ချစ်မြတ်နိုးတာကြောင့် သူဟာ အန္တရာယ်ဖြစ်နိုင်တယ်လို့ ယုံကြည်ရတဲ့ ပူဖောင်းများကို ကယ်ဆယ်ရန် ရက်ပေါင်းများစွာ အချိန်ဖြုန်းလေ့ရှိပါတယ်။ သူက “ကျွန်တော်က ကားအရောင်းဆိုင်ကိုသွားပြီး ပူဖောင်းကယ်ဆယ်ရေးလုပ်ပါတယ်။ သူတို့ မနက်စောစော အပြင်ထွက်တဲ့အခါ အရမ်းလှတယ်။ နေရောင် ခြည်ဖြာကျလာတာနဲ့အမျှ သူတို့ဟာ မွဲခြောက်ခြောက် ဖြစ်သွားတယ်။ ကျွန်​​တော်​ သူ့ကို ဘဝမှာ ဒုတိယအကြိမ်​ အခွင့်​အ​ရေး​ပေးသလို ခံစားရတယ်​။" သူ့မိသားစုကြားတွင် စိုးရိမ်မှုများရှိနေ‌ေပမယ့်လည်း Julius က သူ့တွင် ချစ်ခြင်းမေတ္တာကို ပူဖောင်များနှင့် အဆုံးသတ်ရန် အစီအစဉ်မရှိကြောင်း ပြောကြားခဲ့ပါတယ်။ သူ့ရဲ့အိပ်ခန်းထဲမှာဆိုရင် ပူဖောင်း ၅ သောင်းကျော်ရှိပါတယ်။

သတင်းအရင်းမြစ်: Ladbible

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။