ဘောလိဝုဒ်နာမည်ကျော်မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ Katrina နဲ့ Vicky တို့စုံတွဲလေးဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှာ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ အခုအချိန်မှာတော့ သူတို့နှစ်ဦးဟာ သာယာပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးလေးကို ရရှိပိုင်ဆိုင်နေပြီပဲဖြစ်ပါတယ်။ ဒီနှစ်ရဲ့ ဗက်လင်တိုင်းဒေးနေ့လေးမှာတော့ သူတို့နှစ်ဦးဟာ ပျော်ရွှင်စွာနဲ့ အကြသ်လင်မယားတွေအဖြစ် ပထမဦးဆုံး ဗယ်လင်တိုင်းလေးကို အတူတူဖြတ်သန်းခဲ့ကြပါတယ်။ ဗယ်လင်တိုင်းဒေးမှာ ချစ်သူနှစ်ဦး အတူတူရှိခဲ့ကြတဲ့ ပုံရိပ်လေးတွေကို နာမည်ကျော် စုံတွဲနှစ်ဦးက သူတို့ရဲ့ လူမှုကွန်ရက် အင်စတာဂရမ်စာမျက်နှာပေါ်မှာ ကိုယ်စီတင်ထားကြပါတယ်။

Instagram
Katrina Kaif
Instagram
Instagram
Vicky Kaushal
Instagram

နှစ်ဦးစလုံးတင်ထားတဲ့ ဓာတ်ပုံလေးတွေကလည်း အရမ်းကို အသက်ဝင်ပြီး ဘယ်လောက်ချစ်ကြတယ်ဆိုတာ မျက်လုံးတွေက ဖော်ပြနေပါတယ်နော်။ ပရိသတ်တွေကလည်း Katrina Kaif နဲ့ Vicky Kaushal တို့စုံတွဲလေးကို အရမ်းချစ်နေကြပါတယ်။ ပထမဦးဆုံးအကြိမ် ဇနီးမောင်နှံတွေအဖြစ် ဗယ်လင်တိုင်းဒေးကိုအတူတူကျော်ဖြတ်ကြတဲ့ ချစ်သူနှစ်ဦး ဒီထက်မက ပိုချစ်နိုင်ပြီး ချစ်စရာသားသားမီးမီးလေးတွေနဲ့ ပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။