၁၉၇၆ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ The Omen ဆိုတဲ့သရဲကားဟာ ကြောက်စရာကောင်းတဲ့ကားတစ်ကားဖြစ်ခဲ့ပါတယ်။ IMDb 7.5, Rotten Tomatoes 86% နဲ့ Metacritic 62% ရရှိထားတဲ့ ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဒါပေမယ့် ဒီကားကို တချို့က ကျိန်စာသင့် ရုပ်ရှင်ကားအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ သတ်မှတ်ရတဲ့ အကြောင်းအရင်းကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

The Omen ဟာ ရိုက်ကူးနေစဉ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးဆန်းဆန်းဖြစ်ရပ်များနှင့် အဖြစ်ဆိုးများအားလုံးကြောင့် ကျိန်စာသင့်ဆုံးရုပ်ရှင်အဖြစ် The Omen လို့သိရှိကြပါတယ်။ မင်းသား Gregory Peck နှင့် ထုတ်လုပ်သူ Mace Neufeld တို့ဟာ လေယာဉ်စီးနေတုန်း မိုးကြိးပစ်ခံခဲ့ရပါတယ်။ နှစ်ယောက်လုံး မိုးကြိုးပစ်ခံခဲ့ရပေမယ့် နှစ်ယောက်က အတူတူစ‌ီးလာခဲ့ကြတာတော့ မဟုတ်ပါဘူး။ ပိုဆိုးတာက Peck ရဲ့သားဟာ ရုပ်ရှင်မစခင်မှာပဲ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့တာပါ။

Neufeld ဟာ နောက်ပိုင်းတွင် IRA မှ ဗုံးကြဲခံရတဲ့ ဟိုတယ်တစ်ခုတွင်ရှိနေခဲ့ပြီး သေဆုံးခဲ့ကာ The Omen ရဲ့ သရုပ်ဆောင်အချို့ စားသောက်နေတဲ့ တခြားစားသောက်ဆိုင်လည်း ဗုံးကြဲခံခဲ့ရပါတယ်။ ဝေဟင်မှ ဇာတ်ဝင်ခန်းကို ရိုက်ကူးနေတဲ့ လေယာဉ်တစ်စင်း ပျက်ကျခဲ့ရာ လိုက်ပါသူအားလုံး သေဆုံးခဲ့ပြီး ကျားကိုင်တွယ်သူ တစ်ဦးလည်း မတော်တဆ သေဆုံးခဲ့ပါတယ်။ အားလုံးထဲမှာ ကြောက်စရာအကောင်းဆုံးသေဆုံးမှုကတော့ သူ့လက်ထောက်ရဲ့အသက်ကို ဆုံးရှုံးခဲ့ရတဲ့ ဒီဇိုင်နာ John Richardson ရဲ့ အဖြစ်အပျက်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အကြောင်းမှာ မတော်တဆကားတိုက်ပြီး နှစ်ယောက်ခေါင်းချင်းဆိုင်မိခဲ့ကာ ယာဉ်တိုက်မှုအနီးရှိ လမ်းအမှတ်အသားက Ommen၊ 66.6 ကီလိုမီတာ ဖြစ်နေခဲ့ပါတယ်။

သတင်းအရင်းမြစ်: The Occult Museum

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။