တောင်ကိုရီးယားနာမည်ကြီး စုံတွဲတစ်တွဲဖြစ်တဲ့ Hyun Bin နဲ့ Son Ye Jin တို့ဟာ မကြာသေးမီအချိန်မှာ လက်ထပ်တော့မယ်လို့ကြေညာခဲ့ကြတာဖြစ်ပါတယ်။ လက်ရှိမှာတော့ သူတို့စုံတွဲလေးဟာ နိုင်ငံတကာက ပရိသတ်တွေရဲ့ အာရုံစိုက်မှုကိုရရှိထားတာဖြစ်ပါတယ်။

Kbizoom

တရုတ်နိုင်ငံလူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာလည်း Soe Ye Jin နဲ့ Hyun Bin တို့ရဲ့ အချစ်ဇာတ်လမ်းလေးက နာမည်ကြီးနေပါတယ်။ အကြောင်းကတော့ သူတို့နှစ်ဦးဟာ Crash Landing On You ဇာတ်ကားရိုက်နေစဉ်အတွင်းမှာ လမ်းခွဲဖို့အထိ ဖြစ်ခဲ့ကြတယ်ဆိုတဲ့ အကြောင်းပဲဖြစ်ပါတယ်။ ဗိုလ်ကြီးတို့ စုံတွဲဟာ ဇာတ်ကားရိုက်ကူးနေစဉ်မှာ လမ်းခွဲဖို့အထိဖြစ်ပြီးမှ ပြန်တွဲခဲ့ကြတာဖြစ်ပြီး အခုဆိုရင် လက်ထပ်ဖို့အထိတောင် ဖြစ်ခဲ့ကြတာလို့ သိရပါတယ်။

Kbizoom
Kbizoom

ဒီအကြောင်းအရာကို အရင်ဆုံးဝေမျှခဲ့တဲ့သူက သူမရဲ့အစ်မ ဖြစ်သူဟာ  Crash Landing On You ဇာတ်လမ်းတွဲ ရိုက်ကူးစဉ်က ဝန်ထမ်းအဖြစ် ဆောင်ရွက်ခဲ့တာကြောင့် ဒီသတင်းကို သေချာသိတဲ့အကြောင်း ပြောထားတာဖြစ်ပါတယ်။

Kbizoom

ဒီသတင်းနဲ့ပတ်သတ်ပြီး အတည်ပြုဖို့ ကြိုးစားတဲ့ အချိန်မှာတော့ Son Ye Jin ရဲ့ ပြောရေးဆိုခွင့်ရှိသူ မန်နေဂျာကတော့ မဟုတ်တဲ့အကြောင်း ငြင်းထားပါတယ်။

Google

Son Ye Jin နဲ့ Hyin Bin တို့စုံတွဲလေးက တွဲနေကြတယ်လို့ အတည်မပြုခင်အချိန်ကလည်း အရမ်းကို သေချာတဲ့ Dating News မျိုးထွက်ခဲ့တာမဟုတ်ပါဘူး။ ဒါကလည်း သူတို့နှစ်ယောက် အတွဲလေးက ရန်ဖြစ်လိုက် ပြန်ချစ်တဲ့အတွဲလေး ဖြစ်တာကြောင့်နေမယ်လို့ အင်တာနက်သုံးစွဲသူတွေက သုံးသပ်ထားကြပါတယ်။ Son Ye Jin နဲ့ Hyin Bin တို့စုံတွဲရဲ့ မင်္ဂလာပွဲလေးကိုတော့ မတ်လ အလယ်လောက်မှာ ကျင်းပသွားဖို့ရှိတယ်လို့ သိရပါတယ်။

Source - Kbizoom

Kbizoom

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။