စကော့တလန်နိုင်ငံ Aberdeen မှ အသက် 36 နှစ်အရွယ် Nikki Patterson ဟာ ထူးထူးခြားခြား အောင်မြင်မှုအတွက် ဂင်းနစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ စစ်မှန်တဲ့ Stan တစ်ယောက်ဖြစ်သူ Nikki ဟာ Eminem ရဲ့ပုံတွေကို သူမရဲ့ အရေးပြားအပေါ် တက်တူးထိုးခဲ့တာကြောင့် ခုလိုထူးထူးခြားခြား ဂင်းနစ်စံချိန်ကို တင်ခဲ့တာဖြစ်ပါတယ်။ Eminem ရဲ့ ပုံကိုခုလိုမ‌ျိုးများစွားထိုးထားတဲ့သူက သူမတစ်ယောက်ပဲရှိပါသေးတယ်။

စံချိန်တင်ခဲ့တုန်းက Eminem ပုံ ၁၅ ပုံရှိခ‌ဲ့ပြီး မိခင်ဖြစ်တဲ့ သူမက နောက်ပိုင်းတွင် ပုံ ၂၀ ထိ တက်တူးထိုးခဲ့ပါတယ်။ သူမဟာ ယခုနှစ် Super Bowl တွင် ဖျော်ဖြေမည့် သူ့ရဲ့သီချင်းများမှ စာသားအမျိုးမျိုးအပါအဝင် ဒက်ထရွိုက်ဖွား ဂီတပညာရှင်အတွက် ရည်စူးထားတဲ့ အခြားတက်တူး ၁၁ ခုလည်း ရှိပါသေးတယ်။ တကယ်ကို Eminem ရဲ့အမာခံ ပရိသတ်ကြ‌ီးတစ်ယောက်ပါပဲ။

The Sun တွင် အနုပညာရှင်ကို ဆွဲဆောင်မှုရှိကြောင်း ရှင်းပြရာ Nikki က "ကျွန်မ အသက် 14 နှစ်မှာ ပရိတ်သတ်တစ်ယောက်ဖြစ်ခဲ့ပါတယ်။ စပိန်မှာ အားလပ်ရက်ရှိတုန်းက တခြားကလေးတွေက စူပါမားကတ်တစ်ခုကနေ Marshall Mathers LP ကို ​​ဝယ်ခဲ့တာ မှတ်မိပါ‌ေသးတယ်။ ကျွန်မ အဲဒါကို နောက်မှနားထောင်ပြီး 'Stan' ဆိုတဲ့ သီချင်းကို ကြားလိုက်တာနဲ့ ကျွန်မပေါက်ကွဲထွက်သွားမတက်ပါပဲ။" ဆက်လက်ပြီးသူမက "သူပြောတဲ့ ဇာတ်လမ်းနဲ့ စာသားတွေကနေ... ကျွန်မက အဲဒီကနေပဲ သူ့ကိုအခုလို အားပေးကြိုက်နှစ်သက်ခဲ့တာပါ။" လို့ပြောပြခဲ့ပါတယ်။

သတင်းအရင်းမြစ်: The Sun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။