ဒီကနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့လေးကတော့ ချစ်ခြင်းမေတ္တာတွေကို ဝေမျှပေးတဲ့ ချစ်သူများနေ့ (Valentine’s Day) နေ့လေးပဲဖြစ်ပါတယ်။ ချစ်သူများနေ့မှာ ချစ်သူသမီးရည်းစားတွေသာမက မိတ်ဆွေ သူငယ်ချင်းတွေလည်း လက်ဆောင်လေးတွေပေးလေ့ ရှိကြပါတယ်။

Aye Myat Thu's Facebook

ဒီကနေ့မှာလည်း သရုပ်ဆောင်အေးမြတ်သူက သူမပန်းစီးလေး လက်ဆောင်ရထားတဲ့ အကြောင်းကို ပုံလေးနဲ့တကွ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ အခုလိုလေး တင်ပေးလာပါတယ်။

“#happyVday ❤️ #36age FAတွေကိုယ်တိုင်ပန်းစည်းဝယ်ပြီး ဓာတ်ဖမ်းပါ??❤️??”

Aye Myat Thu's Facebook

ဓာတ်ပုံလေးထဲမှာဆိုရင် အေးမြတ်သူက ဂါဝန်အနီလေးကို ဝတ်ထားပြီး ပန်းစီးလေးကိုင်ထားတာပဲဖြစ်ပါတယ်။ အေးမြတ်သူဟာ လက်ရှိမှာ အသက် ၃၆ နှစ်ရှိနေပြီဖြစ်ပေမယ့် အသက် ၂၀ ကျော်ကောင်မလေးတစ်ယောက်လို နုပြီး ချစ်စရာကောင်းနေဆဲပဲဖြစ်ပါတယ်။

Aye Myat Thu's Facebook

မမ အေးမြတ်သူက သူမရဲ့ ပရိသတ်တွေကိုလည်း FA တွေကိုယ်တိုင် ပန်းစည်းဝယ်ပြီး ဓာတ်ဖမ်းပါဆိုပြီး အရွှန်းဖောက်ကာ စနောက်ထားပါသေးတယ်။ အေးမြတ်သူရဲ့ V-day အမှတ်တရာဓာတ်ပုံလေးကို အားလုံးပဲကြည့်လို့ရစေဖို့အတွက် ဝေမျှပေးလိုက်ပါတယ်နော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။