မကြာသေးမီက Actor K ဆိုတဲ့ နာမည်နဲ့ မကောင်းတဲ့သတင်းတွေ ထွက်ရှိလာခဲ့တဲ့ တောင်ကိုရီးယားမင်းသား Kim Seon Ho ဟာဆိုရင် သွေးကင်ဆာရောဂါ ခံစားနေရတဲ့ ကလေးငယ်လေးတွေ အတွက် လှူဒါန်းမှု အကြီးကြီး ပြုလုပ်ပေးခဲ့ပါတယ်။ Kim Seon Ho ဟာ စုစုပေါင်းတောင်ကိုရီးယားဝမ် သန်း ၅၀ ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ လလယ်လောက်က လှူဒါန်းခဲ့တာဖြစ်ပါတယ်။ လှူဒါန်းထားခဲ့တာ လအနည်းကြာနေပြီဖြစ်ပေမယ့် Kim Seon Ho ဟာ သူ့ရဲ့ အလှူကိစ္စနဲ့ပတ်သတ်ပြီး ဘာတစ်ခုမှ ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပါဘူး။ ဒီအကြောင်းနဲ့ပတ်သတ်ပြီး Salt Entertainment ဘက်ကလည်း အခုလို ဆိုထားပါတယ်။

Google
Google

“Kim Seon Ho က တောင်ကိုရီးယားကလေးသွေးကင်ဆာကုသရေးရန်ပုံငွေဌာနတစ်ခုဆီကို တောင်ကိုရီးယားဝမ် သန်း ၅၀ လှူဒါန်းပေးခဲ့ပါတယ်။ လှူဒါန်းပေးတဲ့အချိန်မှာလည်း သူလှူတယ်ဆိုတဲ့အကြောင်းကို မကြေညာခိုင်းခဲ့ပါဘူး။ သူဘာလို့ အခုလို တိုးတိုးတိတ်တိတ် လှူဒါန်းခဲ့လဲဆိုတာကို ကျွန်တော်တို့လည်းသိချင်မိပါတယ်။ ဒါကြောင့် ပရိသတ်တွေအနေနဲ့လည်း နားလည်ပေးကြပါနော်”

Google

Kim Soen Ho ဟာ အခုလို လှူဒါန်းမှုမျိုးကို ပထမဦးဆုံးအကြိမ် လှူဒါန်းခဲ့တာလည်းမဟုတ်ပါဘူး။ အရင်တစ်ခါတုန်းကလည်း အဆိုပါ ဖောင်ဒေးရှင်းကိုပဲ ဝမ်သန်း ၁၀၀ လှူဒါန်းပေးခဲ့ဖူးပါတယ်။ Kim Seon Ho ဟာ ထွက်ရှိခဲ့ဖူးတဲ့ နာမည်ဆိုးတွေကြောင့် ဆိုရှယ်မီဒီယာပေါ်ကနေ အချိန်အတော်ကြာပျောက်နေခဲ့တဲ့သူဖြစ်ပါတယ်။

Google

Kim Seon Ho တစ်ယောက် သူ့ကြောင့် အခြားသူတွေ ထိခိုက်သွားမှာကို မလိုချင်တာကြောင့် အခုလိုတိုးတိုးတိတ်တိတ်လေးပဲ ထောက်ပံ့မှုပေးတာဖြစ်တယ်လို့လည်း သုံးသပ်ထားကြပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။