ရုပ်ရှင်သရုပ်ဆောင် ၊ အဆိုတော်တစ်ယောက်ဖြစ်တဲ့ စန္ဒီမြင့်လွင်ဟာဆိုရင် လူတိုင်းအားကျစရာကောင်းတဲ့ မိသားစုဘဝလေးကို ရရှိပိုင်ဆိုင်ထားတဲ့သူဖြစ်ပါတယ်။

Sandi Myint Lwin's Facebook

စန္ဒီမြင့်လွင်ဟာ သူမရဲ့ ချစ်စရာ သမီးလေး ထရက်ရှာနဲ့ ခင်ပွန်းဖြစ်သူတို့ရဲ့ ပုံလေးတွေကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ မကြာခဏတင်ပေးလေ့ရှိပါတယ်။ သူမရဲ့ သမီးလေး ထရက်ရှာလေးကလည်း အရမ်းကို ချစ်ဖို့ကောင်းသလို လည်လည်ဝယ်ဝယ်လေး ရှိလှတဲ့ သမီးလေး ဖြစ်ပါတယ်။ ဒါကြောင့်လည်း ထရက်ရှာလေးကို ဓာတ်ပုံလေးတွေ ဗီဒီယိုလေးတွေထဲက တွေ့ဖူးနေရုံနဲ့တင် ပရိသတ်တွေက အရမ်းကို ချစ်နေကြတာပါ။

Sandi Myint Lwin's Facebook

ဒီကနေ့ Valentine’s Day နေ့မှာလည်း စန္ဒီမြင့်လွင်တစ်ယောက် သူမရဲ့ မိသားစုလေးနဲ့အတူတူ ပျော်ရွှင်စွာ ဖြတ်သန်းနေတဲ့အကြောင်းကို လူမှုကွန်ရက်စာမျက်နှာလေးပေါ်မှာ အခုလိုလေး တင်ထားပါတယ်။

“Happy valentine’s day နော် valentine တိုင်းကိုဘယ်မှဒိတ်ဖို့မစဉ်းစားပါနဲ့မေမေဒီး?

မြင်တဲ့အတိုင်းပါပဲ သူ့ပါးပါးကိုအပျောက်မခံ ဘယ်မှမသွားရဘူးတဲ့ ခြေထောက်ဆွဲပီးတောင်အိပ်လိုက်သေး?‍♀️”

Sandi Myint Lwin's Facebook
Sandi Myint Lwin's Facebook
Sandi Myint Lwin's Facebook

ထရက်ရှာလေးကတော့ Valentine’s Day နေ့မှာ ဖေဖေနဲ့မေမေကို ဘယ်မှသွားလို့မရအောင် အပီအပြင်ကို ချုပ်နေတာနော်။ ချစ်ဖို့ကောင်းလိုက်တဲ့ ထရက်ရှာလေး။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။