တောင်ကိုရီးယားမင်းသမီး Park Shin Hye ဟာဆိုရင် ရိုးရာဝတ်စုံဝတ်ထားတဲ့ ဓာတ်ပုံလေးကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်ပြီးတဲ့နောက်မှာ တရုတ်လူမျိုးတွေရဲ့ ဆိုးရွားလွန်းလှတဲ့ မှတ်ချက်တွေ အများကြီးရရှိခဲ့ပါတယ်။ Park Shin Hye ဟာ ရိုးရာဝတ်စုံလေး ဝတ်ဆင်ထားတဲ့ပုံလေးကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ သူမရဲ့ လူမှုကွန်ရက်အင်စတာဂရမ်မှာ တောင်ကိုရီးယားရိုးရာဝတ်စုံဆိုတဲ့ ခေါင်းစဉ်နဲ့ တင်ထားခဲ့တာဖြစ်ပါတယ်။

အဲဒီလိုနဲ့ လူမျိုးရေးဝါဒကြီးဆိုးတဲ့ တရုတ်လူမျိုးတွေက Park Shin Hye ရဲ့ ဓာတ်ပုံအောက်မှာ အင်္ဂလိပ်လိုရော တရုတ်လိုရော ဘာသာနှစ်မျိုးနဲ့ ဆိုးရွားလွန်းလှတဲ့ မှတ်ချက်တွေ စပြီးရေးလာကြပါတယ်။ အကြောင်းအရင်းကတော့ ရိုးရာဝတ်စုံနဲ့ဓာတ်ပုံတင်မိလို့ပဲဖြစ်ပါတယ်။

Instagram

ဆိုးရွားလွန်းလှတဲ့ မှတ်ချက် အချို့ကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်နော်။

“တောင်ကိုရီးယားရိုးရာဝတ်စုံဆိုတာ တရုတ်ဝတ်စုံကို ပုံစံပြောင်းချုပ်ထားတာပဲမဟုတ်လား။” “တောင်ကိုရီးယားရိုးရာဝတ်စုံက တရုတ်ရိုးရာဝတ်စုံကို မှီငြိမ်းပြီးချုပ်ထားတာပါ” "စိတ်ပျက်စရာကြီးဟယ်" "နင်ကတရုတ်လူမျိုးတွေရဲ့ အချစ်နဲ့လေးစားမှုကို ရဖို့မတန်ဘူး .. နင့်နှလုံးသားက တောင်ကိုရီးယားနိုင်ငံလိုပဲ သေးတယ် " စတဲ့ ကြမ်းတမ်းတဲ့ မှတ်ချက်တွေရေးပြီး လက်မအောက်စိုက်ထားတဲ့ အီမိုဂျီတွေ အများအပြားပေးထားပါတယ်။"

Instagram

တရုတ်လူမျိုးတွေရဲ့ မှတ်ချက်တွေကိုလည်း တောင်ကိုရီးယားလူမျိုးတွေက အခုလိုမျိုး ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ “ပြောနေရတာလည်း မောလှပြီဟယ်” “ကိုရီးယားရိုးရားဝတ်စုံဝတ်ထားတဲ့ နာမည်ကြီးတွေရဲ့ ဓာတ်ပုံတွေအောက်မှာ အခုလို မှတ်ချက်မျိုးပေးရမယ်ဆိုတာ အကြောင်းပြချက်တစ်ခုလို ဖြစ်နေကြတာလား”

Google

တရုတ်လူမျိုးတွေက hanbok လို့ခေါ်တဲ့ ကိုရီးယားရိုးရာဝတ်စုံနဲ့ ပတ်သတ်ပြီး အရမ်းကို အထိမခံနိုင်ဖြစ်ကြပါတယ်။ မကြာသေးမီကပြုလုပ်ခဲ့တဲ့ ၂၀၂၂ ခုနှစ် ပေကျင်းဆောင်းရာသီ အိုလံပစ်ပွဲတော်မှာလည်း တောင်ကိုရီးယားရိုးရာဝတ်စုံ hanbok ဝတ်ဆင်ခဲ့တဲ့ အမျိုးသမီးတစ်ယောက်ကို အပြင်းအထန်ဝေဖန်ခဲ့တာမျိုးတွေ ရှိခဲ့ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။