San Cristóbal၊ ဗင်နီဇွဲလား ၁၉၉၉ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက် အရပ်ဘက်အစောင့် အရာရှိတစ်ဦးဟာ အရေးပေါ် ဖုန်းခေါ်ဆိုမှုကြောင့် သွားရောက်ခဲ့ရာ မြစ်တစ်ခုအနီးရှိ ပန်းခြံတစ်ခုတွင် ယောက်ျားလေးနှစ်ဦးရဲ့ လူ့အရိုးများကို တွေ့ရှိခဲ့ရပါတယ်။ အဲ့ချိန်မှာ ရဲတွေရောက်လာပြီး ကျန်ခြောက်ဦးရဲ့ လက်၊ ခြေနဲ့ ဦးခေါင်းတွေကို တွေ့ရှိခဲ့ပါတယ်။ ထိုနေရာတစ်ဝိုက်တွင် စုံစမ်းမှုများပြုလုပ်ခဲ့ရာ ဆင်းရဲသားအိမ်လေးဆီ ရောက်လာခဲ့ပြီး အိမ်နီးနားချင်းတွေကတော့ သူ့ကို အရူးလို့ သတ်မှတ်ကြပါတယ်။ အရူးလို့ခေါ်တဲ့သူကို ရဲစခန်း ခေါ်သွားကြပြီး‌ေနာက် ထိုလူဟာ “ယောက်ျားတွေက မိန်းမတွေထက် ပိုအရသာရှိတယ်၊ မိန်းမတွေက ချိုတယ်၊ ယောက်ျားတွေက အရသာကောင်းတယ်၊ ဝက်ပေါင်ခြောက်လို အသားကင်လို အရသာရှိတယ်။ မိန်းမတွေ စားရတာ ပန်းစား‌ေနရသလိုပဲ” လို့ ပြောလိုက်ပါတယ်။

အဲဒီလူဟာ 1957 ခုနှစ်မှာမွေးဖွားခဲ့တဲ့ Dorangel Vargas ဖြစ်ပြီး လက်ရှိအချိန်မှာတော့ ဗင်နီဇွဲလားအကျဉ်းထောင်မှာ အကျဉ်းချခံနေရပြီး ပြစ်ဒဏ်ကျခံနေရတာမဟုတ်ဘဲ တားဆီးမှုအနေနဲ့ပဲ ဖြစ်ပါတယ်။ သူဟာ paranoid schizophrenia ကို ခံစားနေရပါတယ်။ ထိုနှစ်တွင် အမျိုးသားရုပ်မြင်သံကြား အင်တာဗျူးတစ်ခုကို သူဟာ သူရဲ့လူသတ်မှုအကြောင်း အသေးစိတ် ပြောပြခဲ့ပါတယ်။ သူဟာ အလွန်နူးညံ့သိမ်မွေ့ပြီး တင်းကြပ်တဲ့ စားဖိုမှူးတစ်ဦးဖြစ်ကာ သူစားတဲ့ လူသားများရဲ့ အာဟာရဓာတ်များနှင့်ပတ်သက်ပြီး အထူးစိုးရိမ်ရပါတယ်။ သူက “အဆီကျတဲ့လူတွေကို ငါဘယ်တော့မှ မသတ်ဖူးဘူး၊ သူတို့မှာ အဆီအရမ်းများပြီး ကိုလက်စထရောတွေ အရမ်းများနေတယ်” ဟင်းချက်ရင်းနဲ့ “အသားကို ရေဆေးပြီး ဟင်းခတ်အမွှေးအကြိုင်တွေ စုံအောင်ဆေးရမယ်၊ ဒီနည်းနဲ့ မင်းရောဂါမဖြစ်အောင် ငါတကယ်ကောင်းတဲ့ စွပ်ပြုတ်ကို လုပ်တယ်။ ဟင်းချိုချက်ဖို့ မျက်လုံးကို လျှာနဲ့သုံးရမယ်။”

သူလုပ်ခဲ့တာကို နောင်တရလားလို့ မေးတော့ သူက “လူ့အသားကို ကြိုက်တာ ကျွန်တော်တစ်ယောက်တည်း မဟုတ်ဘူးဆိုတော့ ငါလုပ်ခဲ့သမျှအတွက် နောင်တမရပါဘူး။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၁၉၉၈) က ကျွန်‌ေတာ့်အိမ်နီးချင်း Manuel ကို သတ်ခဲ့တယ်၊ လူတိုင်းက လူကောင်းတစ်ယောက်လို့ ပြောကြပြီး ကျွန်တော်က "ကောင်းပြီ သူက ဒီလိုလူကောင်းဆိုရင် အရသာလည်း ကောင်းရမယ်" လို့ သတ်ပစ်လိုက်တယ်။ ဒီလိုလုပ်ပြီးနောက်မှာတော့ “empanadas” (ဗင်နီဇွဲလားဟင်း) ကိုပြင်ဆင်လိုက်ပြီး သူ့အသားနဲ့ ဖြည့်လိုက်ပါတယ်။ ကျွန်တော်သိတဲ့လူတွေကို ဝေမျှပြီး ဗူးရဲ့အရသာကို လူတိုင်းက ကြိုက်နှစ်သက်ခဲ့ကြပါတယ်။ သူတို့က အခု ငါ့အတွက် အဆိုးဆုံးလို့ ထင်ကောင်းထင်နိုင်ပေမယ့် ဘုရားကျောင်းရဲ့ လုပ်ပိုင်ခွင့်တွေလို အကောင်းဆုံး ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တယ်၊ ငါ့မုန့်ကို ဝေမျှခဲ့တယ်" လို့ပြောခဲ့ဖူးပါတယ်။

ထောင်မှထွက်လာတုန်းကလည်း သတင်းထောက်တစ်ဦးက မေးမြန်းခဲ့တဲ့အခါမှာသူက “ကျွန်တော် အပြင်ထွက်ပြီး လူတွေကို စားချင်တာ ဒါ ကျွန်တော့်ကိစ္စပါ။ " ဆိုပြီး ပြောခဲ့ပါသေးတယ်။ ၁၉၉၅ ခုနှစ်မှ ၁၉၉၉ ခုနှစ်အတွင်း လူပေါင်း ၄၀ ကို သတ်ဖြတ်စားသောက်ခဲ့‌ေကြာင်း ခန့်မှန်းရပါတယ်။ သူဟာ မြစ်တစ်ဝိုက်တွင် အမဲလိုက်ကာ လူတွေကို ပိုက်နှင့်ရိုက်ပြီး အသားများကို လတ်ဆတ်နေစေရန် ရေခဲသေတ္တာမရှိတာကြောင့် တစ်ပတ်ကို လူ ၂ ယောက် သတ်ပါတယ်။ အခြားအကျဉ်းသားများရဲ့ အကျင့်စာရိတ္တပြဿနာများ ကြုံလာသောအခါတွင် သူတို့ဟာ Dorangel ရဲ့လှောင်အိမ်ထဲတွင် ထည့်ထားရန် ခြိမ်းခြောက်ခံရလေ့ရှိပါတယ်။

သတင်းအရင်းမြစ်: Wonderlist

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။