ဒီနေ့မနက်မှာ ပြည်သူချစ်မင်းသားမင်းသမီးတွေဖြစ်ကြတဲ့သရုပ်ဆောင် ပိုင်တံခွန်နှင့်အိန္ဒြာကျော်ဇင်တို့လွတ်မြောက်လာကြပြီဆိုတဲ့ သတင်းတွေ အများကြီးထွက်ရှိလာခဲ့ပါတယ်။

Google
Google

လွတ်မြောက်လာပြီဆိုတဲ့ သတင်းတွေ ထွက်လာလာချင်းမှာပဲ ပရိသတ်တွေအများအပြားဟာလည်း ဝမ်းမြောက်ပျော်ရွှင်ခဲ့ကြပါတယ်။ ဒါပေမယ့် စိတ်မကောင်းစွာနဲ့ပဲ နာမည်ကျော်သရုပ်ဆောင်နှစ်ဦးဟာ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးဘူးလို့ မိသားစုဝင်တွေရဲ့ အတည်ပြုချက်အရ သိရှိရပါတယ်။

Facebook
Instagram 

နာမည်ကျော်အနုပညာရှင်တွေ ဖမ်းဆီးခံထားရတာ အခုဆိုရင် တစ်နှစ်နီးပါး ပြည့်တော့မှာဖြစ်ပြီး ပြန်လည်လွတ်မြောက်လာပြီဆိုတဲ့ သတင်းတွေလည်း မကြာခဏ ထွက်လာလေ့ရှိပါတယ်။ ဒီနေ့မှာလည်း အဆိုပါအနုပညာရှင်တွေဟာ ပြည်ထောင်စုနေ့ လွတ်ငြိမ်းချမ်းသာစာရင်းထဲမှာ ပါလာပြီလွတ်မြောက်လာပြီဆိုတဲ့ သတင်း ပျံ့နှံ့လာခဲ့တာပဲဖြစ်ပါတယ်။

Google

ဖမ်းဆီးခံထားရတဲ့ ပြည်သူချစ် အနုပညာရှင်တွေအားလုံး အမှန်တကယ် အမြန်ဆုံး ပြန်လည်လွတ်မြောက်လာစေဖို့အတွက်ဆုတောင်းပေးလိုက်ပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။