အားလုံးပဲ မကြာသေးမီက ပျော်ရွှင်စွာလက်ထပ်သွားကြတဲ့ တောင်ကိုရီးယား နာမည်ကြီး သရုပ်ဆောင် Park Shin Hye နဲ့ Choi Tae Joon တို့ကိုသိကြမှာပါနော်။ သူတို့အတွဲလေးဟာ နာမည်ကြီးစုံတွဲလေးဖြစ်ပေမယ့် နှစ်ယောက်စလုံး ပကာသနမရှိတဲ့ ဘဝနဲ့ လွတ်လပ်စွာ နေထိုင်ကြတဲ့သူတွေဖြစ်ပါတယ်။ လက်ထပ်ပြီး ၅ နှစ်အကြာမှာတော့ သူတို့နှစ်ဦးဟာ ပျော်ရွှင်တဲ့ မိသားစုဘဝလေးနဲ့ တစ်အိုးတစ်အိမ်ထူထောင်နေထိုင်နေကြပြီပဲဖြစ်ပါတယ်။

Google

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၈ ရက်နေ့မှာလည်း Park Shin Hye တစ်ယောက် သူမရဲ့အင်စတာဂရမ်အကောင့် မှာ အိမ်ထောင်သည်ဘဝရဲ့ နေထိုင်မှုပုံရိပ်လေးတွေကို ဝေမျှပေးလာခဲ့ပါတယ်။

Instagram

ပုံရိပ်လေးတွေထဲမှာ ကြောင်လေးတွေနဲ့ ဗီဒီယိုလေးပါပါပြီး အေးချမ်းလှတဲ့ Park Shin Hye ရဲ့ အိမ်ထောင်ရေးဘဝကို လူအများက အားကျနေကြပါတယ်။

Instagram

Park Sin Hye မှာဆိုရင် လက်မထပ်ခင်က ကြောင်လေး နှစ်ကောင်ရှိတာပါ။ သူမရဲ့ချစ်ရသူ Choi Tae Joon မှလည်း ကြောင်လေး နှစ်ကောင်ရှိတာကြောင့် သူတို့ နှစ်ဦး လက်ထပ်ပြီးတဲ့နောက်မှာ ကြောင်လေး လေး ကောင် ဖြစ်သွားပါတယ်။

Google
Google

Park Shin Hye ရဲ့ ဗိုက်ထဲမှာ ရင်သွေးလေးလည်းရှိတာကြောင့် စုစုပေါင်း သားသမီး ၅ ယောက်ရဲ့ မေမေ ဖြစ်သွားပြီလို့လည်း ပရိသတ်တွေက နောက်နေကြပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။