ချစ်သူများနေ့မှာ Susan နှင့် Ned တိုဟာ အဝေးပြေးလမ်းရဲ့ သစ်တောလွတ်ရာ အပိုင်းကိုဖြတ်ပြီး မောင်းနှင်ခဲ့ကြပါတယ်။ လျှပ်တစ်ပြက် မိုးခြိမ်းသံနဲ့အတူ မိုးသည်းထန်စွာ ရွာသွန်းပြီး ကောင်းကင်ကြီးဟာ မှောင်မိုက်သွားပါတယ်။ “ငါတို့ ရပ်လိုက်တာ ပိုကောင်းတယ်” လို့ ဆူဇန်က ပြောပါတယ်။ အဲ့နောက် နက်ဒ်လည်း ခေါင်းငြိမ့်ပြလိုက်ပြီး သူ ဘရိတ်ကို နင်းလိုက်တာနှင့် ရုတ်တရက် ကားဟာ ချောမွေ့ကာ လူသွားလမ်းပေါ် လျှောကျသွားပြီး လမ်းပေါ်မှ ပြုတ်ကျကာ ရပ်သွားကြပါတယ်။ ဖြူဖျော့ပြီး တုန်ခါနေတဲ့ Ned ဟာ Susan အဆင်ပြေမပြေ စစ်ဆေးရန် အမြန်လှည့်ကြည့်လိုက်ပါတယ်။ သူမက ခေါင်းညိတ်လိုက်တဲ့ အခါမှ Ned လည်း စိတ်အေးလက်အေးနှင့် မိုးစိုနေတဲ့ ပြတင်းပေါက်များမှ အပြင်ဘက်ကို လှမ်းကြည့်လိုက်ပါတယ်။ "ဘယ်လောက်ဆိုးလဲဆိုတာ ငါသွားကြည့်အုန်းမယ်" လို့ သူက Susan ကိုပြောကာထွက်သွားပါတယ်။ Susan ကတော့ ကားရှေ့မီးထဲတွင် လျှောက်သွားနေတာကို မှုန်ဝါးဝါးနဲ့ သူရဲ့ရုပ်သွင်ကို မြင်နေရပါတယ်။ ခဏအကြာတွင် စိုရွှဲစွာနဲ့ ကားထဲပြန်၀င်လာပါတယ်။

“ကားက ဆိုးဆိုးရွားရွား မပျက်စီးဘူး၊ ဒါပေမယ့် ရွှံ့ထဲမှာ ဘီးတွေ နစ်နေတယ်” လို့ပြောကာ "ငါ သွားအကူအညီတောင်းကြည့်ဦးမယ်။" လို့ပြောလိုက်ပါတယ်။ Susan က စိတ်လှုပ်ရှားစွာနဲ့ကျန်ခဲ့ပြီး သူမကို ကားရှေ့မီးပိတ်ပြီး သူပြန်မလာမချင်း တံခါးကို သော့ခတ်ခိုင်းပါတယ်။ " ပုဆိန်လူသတ်သမား " Ned ဟာ နာမည်ကို ကျယ်ကျယ်လောင်လောင် မပြော‌ေပမယ့်လည်း ကားသော့ခတ်ရန် ပြော‌ေနခဲ့တဲ့အခါ သူတွေးနေပုံကို သူတို့နှစ်ယောက်လုံး သိကြပါတယ်။ ဒီနေရာဟာ တစ်ချိန်က အမျိုးသားတစ်ဦးမှ ပုဆိန်နှင့် ဇနီးဖြစ်သူအား မနာလိုဝန်တိုစိတ်ဖြင့် သတ်ခဲ့တဲ့ နေရာဖြစ်ပါတယ်။ ပုဆိန်ကိုင်ထားတဲ့ ယောက်ျားကလည်း ယနေ့ထိ ဒီနေရာမှာ အမဲလိုက်လေရှိ‌ေကြာင်း ပြောကြလေ့ရှိပါတယ်။ Ned ထွက်သွားပြီး မကြာခင်မှာပဲ ကားအပြင်ဘက်ကနေ ဆူဇန်ဟာ ကျယ်လောင်တဲ့ အော်သံနဲ့ လက်ခုပ်သံကို ထူးဆန်းစွာ ကြားလိုက်ရပါတယ်။ ဒါပေမယ့် အမှောင်ထဲမှာမို့ ဘာမှတော့ မမြင်ရပါဘူး။

သူမလည်း ကြောက်ရွံ့ထိတ်လန့်စွာဖြင့် ထိုင်ခုံပေါ်သို့ လှဲချလိုက်ပါတယ်။ ခဏတာ တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်ပြီးနောက် နောက်ထပ် အသံတစ်ခုကို သတိပြုမိခဲ့ပါတယ်။ လေတိုက်လို့ တစ်ခုခု လွင့်နေသလိုမျိုး နူးညံ့တဲ့အသံတစ်ခုပါ။ ရုတ်​တရက်​ပင်​ ​ကားဟာ ​တောက်​ပ​တဲ့ အလင်း​ရောင်​​ကြောင့်​ လင်းထိန်​သွားပါတယ်။ အဲ့နောက် ကားပေါ်မှ ဆင်းရန် တာဝန်ရှိသူတစ်ဦးက အော်ဟစ်ပြောဆို‌ေနခဲ့ပါတယ်။ နက်ဒ်က ရဲအရာရှိတစ်ဦးနဲ့ တွေ့ခဲ့တာဖြစ်မယ်လို့ Susan ကထင်ပြီး တံခါးကိုသော့ဖွင့်ကာ ကားထဲမှ ထွက်လာပါတယ်။ အဲ့နောက် သူမမျက်လုံးတွေက တောက်ပ‌နေတဲ့ အလင်းရောင်တစ်ခုကြောင့် ထိတ်လန့်ဖွယ်ရာ အရာတစ်ခုကိုမြင်လိုက်ရပါတယ်။ အဲ့ဒါကတော့ ကားဘေးရှိ သစ်ပင်ပေါ်မှာ ခြေဖဝါးကနေ တွဲလောင်းဖြစ်နေတဲ့ Ned ရဲ့အလောင်းဖြစ်ပြီး သူ့ရဲ့ခေါင်းကလည်း ဖြတ်ခံရလုနီးပါးပါပဲ။ လေက သူ့အလောင်းကို အပြန်ပြန်အလှန်လှန် တိုက်ခတ်နေတာ‌ကြောင့် စောနက သူမကားထဲကနေမထွက်ခင် အသံကိုကြားနေခဲ့ရတာဖြစ်ပါတယ်။

စူဇန်လည်း ကြောက်ရွံစွာ အော်ဟစ်ပြီး အလင်းရှိရာ နေရာဆီ ပြေးသွားပါတယ်။ သူမ နီးကပ်လာတာနှင့်အမျှ အလင်းရောင်ဟာ ဓာတ်မီးမှ ထွက်လာတာ မဟုတ်မှန်း သူမ သိလိုက်ရပါတယ်။ ထိုနေရာတွင် မတ်တပ်ရပ်လျက် တောက်ပနေတဲ့ မျက်နှာပေါ်တွင် အပြုံးတစ်ခုနှင့် လူတစ်ယောက်ရဲ့ လက်ထဲမှာ ကြီးမားတဲ့ ပုဆိန်တစ်လက် ကိုင်ထားတာကို တွေ့လိုက်ရပါတယ်။ သူမလည်း ထိုအလင်းရောင်ဆိကနေ ပြန်လှည့်ပြေးကာ ကားထဲပြေး၀င်ခဲ့ပါတယ်။ တစ္ဆေက သူ့ရဲ့ ပုဆိန်ကြီးကို ပွတ်သပ်ရင်း "မင်း တော်တော်မိုက်တာပဲ" လို့တိုးတိုးလေးပြောလိုက်ပါတယ်။ သူမ နောက်ဆုံးမြင်လိုက်ရသည်မှာ ချောက်ချားဖွယ်ရာ မီးခိုးရောင်ထဲတွင် ချွန်ထက်‌ေနတဲ့ ပုဆိန်ကြီး သူမမျက်နှာပေါ် ကျလာခဲ့တာပဲဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။